#8.
ဇာတ်လမ်း ပြောပြခြင်

ရုပ်ပုံများသည် မှေးမှိန်မသွားပါ။ ရုပ်ပုံများရွေးချယ်ရာတွင် သတိထားပါ။

ရုပ်ပုံများ တကြိမ် ထွက်ပေါ်လာသည်နှင့် ၎င်းတို့ကို ပြန်ရစ်ထည့်၍ မရနိုင် တော့ပါ။ အားလုံး လက်လှမ်းမီသော အင်တာနက်က လူများကို အန္တရာယ် အမျိုးမျိုး ကြုံစေနိုင်သည်။

CRSV ကို သတင်းတင်ဆက်ရာတွင် ရိုက်ကူးထားသော ရုပ်ကပ်များဖြစ်စေ၊ သို့မဟုတ် ဓါတ်ပုံများ, ဖြစ်စေ ရုပ်ပုံများကို ရွေးချယ်ခြင်းသည် အလွန်ပင် အရေးကြီးလှသည်။ အထူးသဖြင့် ယခု ဒစ်ဂျစ်တယ် ခေတ်တွင် သင်အလုပ်လုပ်နေသော သတင်းဇာတ်လမ်းနောက်ပိုင်းတွင် ရုပ်ပုံများသည် ဆက်လက် ရှင်သန်ကျန်ရစ်သောကြောင့် ဖြစ်သည်။ သက်ရှင်ကျန်ရစ်သူများအနေဖြင့် သူတို့အား မည်သို့ တင်ပြမည နှင့် နောက်ဆက်တွဲ ဘာတွေ ဖြစ်နိုင်သည် ဆိုသည်တို့ကို အပြည့်အဝ နားလည်ရန် အရေးကြီးလှပေသည်။ အောက်ပါတို့ကို သင် စဉ်းစားရမည်။

  • ရှင်သန်ကျန်ရစ်သူများကို ဖော်ထုတ်ရန် လိုသလား၊ သို့မဟုတ် အမည်မဖော်လိုသူအဖြစ် စတင်တာ ဘေးကင်းသလား။
  • ဓါတ်ပုံရိုက်ရန် သို့မဟုတ် ရုပ်ရှင်ရိုက်ရန် သူတို့က အဓိပ္ပာယ်ရှိသော သဘောတူညီချက်ကို ပေးထားပြီလား။ သူတို့ရဲ့ အသိုင်းအဝန်းအတွင်း တွေ့ရှိနိုင်စေတဲ့ လူမှု မီဒီယာရဲ့ ပေါက်ရောက်မှုကို သူတို့ နားလည်သလား။
  • သူတို့ မည်သူမည်ဝါ ဖြစ်သည်ကို အမှတ်မထင် သိသွားစေနိုင်သည့် တစ်စုံတစ်ရာ ရုပ်ပုံထဲတွင် ပါဝင်နေသလား။
  • နောက်ဆုံး ထုတ်လုပ်မှုအပေါ် သူတို့ သက်တောင့်သက်သာရှိစေရန် သူတို့ကို ရုပ်ပုံ ထုတ်လုပ်ရာတွင် မည်သို့ ပါဝင်အောင် လုပ်ဆောင်နိုင်မည်နည်း။
  • အခြေခံကျသော ကျင့်ဝတ် စစ်ဆေးမှု။ ဤနည်းဖြင့် ဓါတ်ပုံ သို့မဟုတ် ရုပ်ရှင် ရိုက်ခံရပါက ကိုယ်တိုင် သို့မဟုတ် မိသားစုဝင်တစ်ဦးအတွက် ပျော်ရွှင်မှု ရှိနိုင်မလား။

ရှင်းလင်းပါရစေ- ပဋိပက္ခ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုမှ ရှင်သန် လွတ်မြောက်လာသူများ၏ ရုပ်ပုံများကို ကျယ်ကျယ်ပြန့်ပြန့် မြင်နိုင်ရန် လိုအပ်ပါသည်။ အရိုးစွဲနေသော ပုံစံများကို ဆက်လက်မတည်မြဲစေဘဲ၊ အသက်ရှင်ကျန်ရစ်သူများအတွက် မှော်အတတ်တစ်မျိုးမျိုးအဖြစ် မီဒီယာကုမ္ပဏီများမှ တင်ပြခြင်း မပြုပဲ အကြောင်းအရာကို လေးစားလျက် အဲဒီသူတွေကို အကာအကွယ်ပေးသည့် နည်းလမ်းများ ဖြင့် မတူညီစွာ လုပ်ဆောင်ရမည်။” Nina Berman [a]

CRSV အပါအဝင် ပဋိပက္ခသတင်း စုဆောင်းရေးသားရာတွင် ရုပ်ပုံများသည် အရေးကြီးသော အစိတ်အပိုင်းဖြစ်ပြီး စာဖတ်သူများကို အားကောင်းကောင်းဖြင့် ဆက်သွယ်မှု ပေးနိုင်သည့် နည်းလမ်းလည်း ဖြစ်နိုင်သည်။ သို့ရာတွင် ရှင်သန် ကျန်ရစ်သူများကို မေးမြန်းခြင်း ဘေးအန္တရာယ် ထက်ပိုသော သူတို့အတွက် ဘေးအန္တရာယ်ကို သိသာထင်ရှားစွာ ရရှိစေနိုင်သည့် အတိုင်းအတာရှိနေသည်။  

အရိုးစွဲနေသော ရုပ်ပုံများမှာ အဖြစ်များသည်။ ရှင်သန်ကျန်ရစ်သူကို အထီးကျန်ဆန်သော၊ ရက်စက်ကြမ်းကြုတ်သော ရုပ်ပုံကို ပြသည်။ သူတို့၏ ကိုယ်ပိုင်ပတ်ဝန်းကျင်မှ ဖယ်ခွာထားသည်။ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာကို အဓိက ပြသထားသည်။ တစ်ခါတစ်ရံတွင် ကိုလိုနီခေတ် နှင့် ကျွန်ပိုင်ရှင်ခတ်များက သမိုင်းကျောင်းရှည်နေပြီဖြစ်သော လူလူချင်း ခွဲခြားသည် ရုပ်ပုံလွှာများအဖြစ် ဖော်ပြခြင်းလည်း ဖြစ်နိုင်သည်။ ရုပ်ပုံ ဘာသာစကားသည် ဤကိစ္စကို မှန်ကန်အောင် လုပ်ဆောင်သည့် အရေးပါသော အစိတ်အပိုင်းဖြစ်သည်။

ထိုမျှသာမက ဒစ်ဂျစ်တယ်ခေတ်တွင် ရုပ်ပုံများကို ပလက်ဖောင်း အမျိုးမျိုးမှ တဆင့် ကိရိယာအမျိုးမျိုးတွင် လွယ်ကူစွာ ဝေမျှနိုင်သည်။ ဆိုလိုသည်မှာ ရှင်သန်ကျန်ရစ်သူများသည် ဝေလံခေါင်ဖျားသော အရပ်တွင် နေထိုင်သည်ပင်ဖြစ်စေ ခြောက်လှန့်ခြင်းကို  နှစ်ပေါင်းများစွာ ကြာသည်အထိ ခံစားရနေနိုင်သည်။ ၁၉၉၀ ခုနှစ်များက Balkans wars တွင် အမျိုးသမီးများသည် သူတို့ မုဒိန်းကျင့်ခံခဲ့ရသည့် အကြောင်းကို လင်ယောက်ျားများအား မပြောပဲ လက်ထပ်ကြသည်။ အနည်းငယ်သော သူများသည် မှတ်တမ်းစုဆောင်းထားသော အရာများ အွန်လိုင်းတွင်  ဆယ်စုနှစ်များစွာ ကြာသည်အထိ ရရှိနေနိုင်ကြောင်း မသိကြပေ။

ဒစ်ဂျစ်တပ်ခေတ်သည် ရုပ်ပုံများက ဦးဆောင်သော သတင်းမျးကိုလည်း ပိုမို များပြားစေပြီး ထိတ်လန့်တုန်လှုပ်စရာ ပိုကောင်းသော အာရုံကို ဖမ်းစားနိုင်သော ရုပ်ပုံကို ထုတ်လုပ်ရန် အယ်ဒီတာများ ဓါတ်ပုံဆရာများအပေါ်တွင် ဖိအားများမှာ ကြီးမားနိုင်သည်။ ယင်းသည် စွဲဆောင်မှု ရှိစေသော ရှင်သန်ကျန်ရစ်သူ၏ ခန္ဓာကိုယ်ကို ပြသသော သို့မဟုတ် သူတို့ ဘယ်သူ ဘယ်ဝါ ဆိုသည်ကို သိစေနိုင်သော ရုပ်ပုံများ ထွက်ပေါ်လာစေနိုင်သည်။

အခန်း ၃ သဘောတူညီမှုတွင် ယခင်က ဆွေးနွေးထားသကဲ့သို့ပင် အင်တာဗျူး ပေးသူကို သူတို့အား မည်သို့ ဖော်ပြမည်ကို ဆွေးနွေးပေးခြင်းသည် ကောင်းသော အလေ့အထဖြစ်သည်။ ISIS ၏ မုဒိန်းကျင့်ခံရသော Yazidi အမျိုးသမီးများအကြောင်းရေးသားသော သတင်းသမားများသည် သူတို့မျက်နှာများကို ဖုံးကွယ်လျက် ဓါတ်ပုံရိုက်ခြင်းဖြင့် မည်သူမည်ဝါ ဖြစ်သည်ကို ဖုံးကွယ်ထားနိုင်ပြီဟု ထင်ကြသော်လည်း  အမှန်တကယ်တွင် သူတို့အသိုင်းအဝိုင်းအတွင်းတွင် သူတို့၏ ထူးခြားသော ခေါင်းစီးများနှင့် သူတို့၏ မျက်လုံးများကြောင့် သူတို့ကို အလွယ်တကူ သိရှိနိုင်ကြသည်။

ပိုမိုထိရောက်သော နှင့် ကျင့်ဝတ်နှင့် ညီသော ရွေးချယ်မှု ပြုလုပ်ခြင်း

သတင်းဓါတ်ပုံသမားများက သက်ရောက်မှု အရှိဆုံး ရုပ်ပုံများကို ရရှိရန် သက်ဆိုင်ရာ အယ်ဒီတာများ၏ ဖိအားပေးခြင်းကို မကြာခဏ ခံရသော်လည်း အချိန် အကန့်အသတ် ကြီးမားသည့် အချိန်မှာပင် CRSV ရှင်သန်ကျန်ရစ်သူများ၏ ရုပ်ပုံများကို သူတို့အား မထိခိုက်စေအောင် နှင့် ရှေးရိုးစွဲ ပုံစံများကို ရှောင်ကျဉ်နိုင်ပါသည်။ သင်ရိုက်ယူသော ရုပ်ပုံများနှင့် ပတ်သက်၍ သင့်ကိုယ်သင် မေးမြန်းရမည့် မေးခွန်းများကို ဤနေရာတွင် ဖော်ပြထားပါသည်။

  • ရှင်သန်ကျန်ရစ်သူများ၏ မည်သည့် ရုပ်ပုံများမဆို အမည်မဖော်ပဲ ရှိလိမ့်မည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ရန် ခိုင်လုံသော အကြောင်းပြချက်ရှိမှသာလျှင် ဖော်ထုတ်လိမ့်မည် ဟူသော ယူဆချက်တစ်ခုဖြင့် စတင်နိုင်ပါသလား။ သင်၏ သတ်မှတ်နေရာကို မရောက်မီ သင်၏ အယ်ဒီတာနှင့် ဤအကြောင်း အသေးစိတ် ဆွေးနွေးရန် စဉ်းစားထားပါ။
  • ရှင်သန်ကျန်ရစ်သူများ မည်သူမည်ဝါ ဖြစ်သည်ကို မပေါ်စေပဲ ရုပ်ပုံများကို အားကောင်းသော တီထွင်ကြံဆမှုရှိသည့် နည်းလမ်းများစွာ ရှိသည်။ အကောင်းဆုံးမှာ ယင်းတို့ကို ကြိုတင်စဉ်းစားထားသင့်သည်။ အခြားသူတွေ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည့် နည်းလမ်းအများအပြားကို ဒစ်ဂျစ်တယ်မှတ်စုအဖြစ် မှတ်သားထားနိုင်ပါသည်။
  • သင်၏ ဇာတ်လမ်းသည် မုဒိန်းမှု အကြောင်း ဖြစ်သောကြောင့် ရှင်သန်ကျန်ရစ်သူ၏ ခန္ဓာကိုယ်ကို မည်သို့ ပုံဖော်သည်ဆိုသည်ကို သတိထားပါ။ ခန္ဓာကိုယ်၏ မည်သည့် အစိတ်အပိုင်းကို အာရုံစိုက်စေမိသလဲ နှင့် လိင်ဆိုင်ရာ အရာဝတ္ထုတစ်ခုအဖြင့် လူပုဂ္ဂိုလ်၏ သတ်မှတ်ချက်များကို သင် ဘယ်လို ရှောင်ရှားနိုင်မလဲ။
  • ထိုပုဂ္ဂိုလ်သည် အထီးကျန်နေသည် သို့မဟုတ် ဖျက်စီးခံလိုက်ရသည့်ဟု သတ်မှတ်ပေးနိုင်သည့် ရှေးရိုးစွဲ ရုပ်ပုံ များကို ကြိုးစားပြီး ရှောင်ကျဉ်ပါ။ အချို့သော ဖြစ်ရပ်များတွင် အလွန်အကျွံ အထီးကျန်ခြင်းသည် ဇာတ်လမ်း၏ တကယ့်သရုပ် ဖြစ်နိုင် သော်လည်း လူအများတွင် ပိုမိုကျယ်ပြန့်သော ပံ့ပိုးမှု အခြေအနေ ရှိလေ့ရှိပြီး ထိုအရာကို ထင်ဟပ်ဖော်ပြရန် ပိုမို တိကျမှုကန်ပေသည်။

သင်သည် မည်သူမည်ဝါဖြစ်သည်ကို ဖုံးကွယ်ရန် ဒစ်ဂျစ်တယ် နည်းလမ်းများကို အသုံးပြုပါက ရုပ်ပုံမှ မူရင်း ပစ်ဇဲလ်ကို ဖယ်ရှားပစ်ရန် လိုသည်။ ဝါးပစ်ရုံနှင့် မရပါ။ မှန်ပါသည်။ သင့်အနေဖြင့် နေရာကို ဖော်ပြသော ဖိုင်အတွင်းမှာ မက်တာ ဒေတာများမရှိအောင် လုပ်ရမည်ဖြစ်သည်။ ရုပ်ပုံကို ရယူသည့် အချိန်တွင် မည်သူသည် အနီးပါတ်ဝန်းကျင်တွင် ရှိသည်ဆိုသည်နျင့် ဘာကြောင့်လဲ ဆိုသည့် အကြောင်းများကို စဉ်းစားရန်လည်း အရေးကြီးပါသည်. ဤနေရာတွင် ထည့်သွင်းစဉ်းစားစရာ အချက်များကို ဖော်ပြလိုက်ပါသည်။

  • ကျူးလွန်ခံရသူက တစ်စုံတစ်ယောက်ကို သူတို့နှင့် အတူ ရှိစေချင်သလား သို့မဟုတ် မကြည့်သင့်သည့် သူများ ပတ်ဝန်းကျင်တွင် ရှိနေပါသလဲ။ မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူများအနေဖြင့် ရိုက်ကူးရေး အဖွဲ့တွင် လူပါဝင်မှု နည်းနိုင်သမျှ လျော့ချရန် စဉ်းစားသင့်သည်။
  • ီး မိမိတို့ ရိုက်ကူးထားသည့် ပုံစံကို သူတို့ ကျေနပ်မှု ရှိမရှိ ဖော်ပြခွင့်ကို ပေးရန်အတွက် ရုပ်ပုံများကို ရိုက်ပြီးသော အခါ ယင်းတို့ကို ရှင်သန်ကျရစ်သူအား ပြသရန် ထည့်သွင်းစဉ်းစားပါ။
  • ရုပ်ပုံများသည် ပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာ တည်ရှိနေနိုင်ပြီး ယင်းတို့ကို ပလက်ဖောင် အမျိုးမျိုးမှ တဆင့် သူတို့၏ အသိုင်းအဝိုင်းအတွင်းတွင်ပင် ဖြန့်ဝေနိုင်သည်ကို ရှင်သန်ကျန်ရစ်သူများနားလည်အောင် လုပ်ပါ။

တာဝန်ပေးမှုကို အလျင်စလို လုပ်စရာမလိုသည့် နည်းလမ်းများ ရှိပါသလား။ ရိုက်ကူးမှုသည် မည်သို့ ရှိမည်ဆိုသည်ကို ဆွေးနွေးနိုင်ပါသလား၊ မည်မျှ အချိန်ကြာမည်ကို ကြိုတင်ပြီး ရှင်းပြနိုင်ပါသလား။ ကလေးများသည် အရွယ်ရောက်သူ တစ်ယောက် ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ သူတို့မည်သူမည်ဝါ ဖြစ်သည်ကို ဝေမျှသည့် သဘောတူညီချက်ကို ပေးနိုင်ခြင်းမရှိသည်ကို သတိရပါ။

သတင်းဓါတ်ပုံ ပညာနှင့် အယ်ဒီတာများ

“ဓါတ်ပုံဆရာတယောက်အနေနဲ့ ဒါတွေအားလုံး ခေါင်းထဲရှိမနေနိုင်ဘူးဆိုတာ ကျွန်တော် မြင်နိုင်ပါတယ်။ ဒါပေမယ့် အယ်ဒီတာ ဆိုရင်တော့ ထိတ်လန့်စရာပါပဲ။ သမိုင်းအခြေအနေအရ အယ်ဒီတာများသည် ရုပ်ပုံပိုင်းဆိုင်ရာ သိနားလည်မှုနှင့် ပတ်သက်၍ တာဝန်ခံမှု စိတ်ဓါတ် ပိုမိုရှိတယ်လို့ ကျွန်တော် ထင်တယ်။”  

Nina Berman. [a]

ဓါတ်ပုံဆရာများက ရှင်သန်ကျန်ရစ်သူများနှင့် ဆက်သွယ်ပြီး ရုပ်ပုံ ရွေးချယ်မှုများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များ ချကြသည်။ သို့ရာတွင် မည်သည့် ရုပ်ပုံများ ရိုက်ကူးရန် သတ်မှတ်ပေးခြင်း နှင့် လူထုထံ မရောက်မီ ရုပ်ပုံ အများအပြား အကြားမှ ရွေးချယ်မှု ပြုလုပ်ရာတွင် အယ်ဒီတာများတွင် လုံးဝ တာဝန်ခံမှု ရှိပေသည်။ အတွင်း စာမျက်နှာအတွက် မည်သည်က သင့်တော်သည်၊ -ရုပ်ပုံများတွင် နောက်ခံ အခြေအနေနှင့် အဓိပ္ပာယ်ပါရှိသောအခါ- မျက်နှာဖုံးတွင် သီးသန့်ထည့်သွင်းရန်အတွက် သို့မဟုတ် အင်စတာ ဂရမ် တွင်  ပို့စ်တင်ရန် သင့်တော်ကောင်း သင့်တော်လိမ့်မည်။

ကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင် ဖိအားများမှ ဝေးရာတွင် မဟာဗျူဟာ ကျကျ စဉ်းစားနိုင်သည့် အချိန်တို့၏ အကျိုးကျေးဇူးကြောင့် အယ်ဒီတာများသည် ဓါတ်ပုံ တစ်ခုသည် တမင်သက်သက်ဖြစ်စေ မရည်ရွယ်ပဲ ဖြစ်စေ ကိုးကား ခံရနိုင်သည် ဆိုသည့် ရုပ်ပုံဆိုင်ရာ ဘာသာရပ်ကို ထည့်သွင်းစဉ်းစားရမည်။ ကျွန်ပြုခံရသူများ၏ ရုပ်ပုံများ သမိုင်းကြောင်းရှည်လျားစွာ ရှိခဲ့သည်။ အမှန်တကယ်တွင် ထို ရုပ်ပုံ ထုတ်လုပ်သူများသည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အလုပ်လုပ်ခြင်းကို ရှောင်ကျဉ်သင့်သည်။

ရုပ်ပုံ တစ်ပုံ၏ သက်တမ်းနှင့် ပတ်သက်၍ လိုင်စင်ချပေးမှုနှင့် ရရှိနိုင်မှုအပေါ်တွင် သာမက လူမှု မီဒီယာ တွင် ယင်းကို အသုံးပြုမှုနှင့် ပတ်သက်၍ ဓါတ်ပုံ အယ်ဒီတာများတွင် ဆုံးဖြတ်ချက်ချပေးနိုင်သော ပါဝါလည်း ရှိပေသည်။

အယ်ဒီတာ တစ်ဦး အနေဖြင့် သင်သည် ရေရှည် လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် တာဝန်ပေးထားသော အလွတ်တန်း သမားများနှင့် အလုပ်တွဲလုပ်ရနိုင်သည်။ စည်းဘောင်ကန့်သတ်ချက်များ၊ အဓိပ္ပာယ်ရှိသော သဘောတူညီချက် နှင့် အမည်မဖော်လိုသူ နှင့် ပတ်သက်သည့် ၁၀ မိနစ်ဆွေးနွေးချက်အတွက် အချိန်ယူခြင်းသည် ကြီးမားသော အပြောင်းအလဲကို ဖြစ်စေနိုင်သည်။ ထည့်သွင်းစဉ်းစားစရာ အချက်များကို ဤနေရာတွင် ဖော်ပြလိုက်ပါသည်။

  • သဘောတူညီချက်နှင့် ပတ်သက်၍ ဓါတ်ပုံဆရာများနှင့် သေချာစွာ စကားပြောဆို ပြီးပြီလား။ [See #3]
  • ရှင်သန်ကျန်ရစ်သူများ မည်သူမည်ဝါ ဖြစ်သည်ကို ဖော်ထုတ်ရန် အမှန်တကယ်လိုအပ်ချက် ရှိပါသလား။ အမည်မဖော်လိုမှုကို ထိန်းသိမ်းလျက် မည်သို့သော ရုပ်ပိုင်းဆိုင်ရာ ကိုင်တွက်ချက်များက သင့်အတွက် အလုပ်ဖြစ်မည်နည်း။
  • ပုံစာများသည် ဇာတ်လမ်း၏ အစိတ်အပိုင်းဖြစ်ပြီး ရုပ်ပုံများကဲ့သို့ပင် ယင်းတို့သည် လူတစ်ဦးကို ပုံစံခွက်အတွင်း ထည့်ခြင်း အသရေ ပျက်စေခြင်း မလုပ်ရပါ။
  • CRSV ရှင်သန်ကျန်ရစ်သူများ၏ ရုပ်ပုံများကို အချိန်အကန့်အသတ်ဖြင့် ပေးနိုင်သလား။ ယင်းတို့ကို သတင်းတပုဒ်စာ အသုံးပြုရုံသာ ခွင့်ပြုပြီး အေဂျင်စီများသို့ ရောင်းချခြင်း မပြုလုပ်နိုင်စေရန် သင်လုပ်နိုင်သလား။

လူမှု မီဒီယာများတွင် သင် ရုပ်ပုံများကို မည်သို့ အသုံးပြုသနည်း။ ဥပမာအားဖြင့် ရှင်သန်ကျန်ရစ်သူ၏ မျက်နှာ သို့မဟုတ် ခန္ဓာကိုယ်ကို ပြသရန် လိုသလား။ သို့မဟုတ်  ရှင်သန် ကျန်ရစ်သူ တစ်ဦး တယောက်အနေဖြင့် အလေးချိန်တစ်ခုလုံးကို ထမ်းထားရခြင်း မရှိစေသည့် သတင်းဇာတ်လမ်းကို မြှင့်တင်ရန် အခြားနည်းလမ်းများ

အောက်ခြေမှတ်စုများ

  • a

    Nina Berman သည် ဘော့စနီးယားနှင့် အာဖဂန်နစ္စတန်တို့တွင်ရှိ ပဋိပက္ခများကို လွှမ်းခြုံ သတင်းယူခဲ့သော သတင်းရုပ်ရှင် ဓါတ်ပုံဆရာမဖြစ်သည်။ ဤစီမံကိန်းအတွက် သုတေသနတွင် ထည့်ဝင်သူ တစ်ဦး အဖြစ် သူသည် ပဋိပက္ခအချိန်နှင့် ငြိမ်းချမ်းသော အချိန်တွင် ဓါတ်ပုံပညာ၏ ကျင့်ဝတ်များအပေါ် ရေးသား ခဲ့ပြီး သူသည် ကိုလံဘီယာ တက္ကသိုလ်မှ သတင်းစာပညာ ပါမောက္ခ တစ်ယောက် ဖြစ်သည်။ အသေးစိတ် သိလိုပါက https://dartcenter.org/resources/visual-choices-covering-sexual-violence-conflict-zones တွင် ကြည့်ပါ။