ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုများကို သတင်းရယူ ရေးသားခြင်း

သတင်းပညာ ဆိုင်ရာ စိန်ခေါ်မှု အနည်းငယ်သည်သာ ပဋိပက္ခအတွင်း ဖြစ်ပွားခဲ့သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ အသက်ရှင်ကျန်ရစ်သူများကို တွေ့ဆုံ မေးမြန်းခြင်းထက် တာဝန်ခံမှုပိုကြီးပါသည်။ မုဒိမ်းမှုကို စစ်ပွဲတွင်အသုံးပြုသောအခါ၊ လူတစ်ဦးချင်းစီနှင့် သူတို့၏ လူမှုအသိုက်အဝန်းအပေါ် ဆိုးရွားစွာ သက်ရောက်မှု ရှိစေသည်။

တာဝန်ခံမှုရှိသော သတင်းစာပညာသည် လူအများက လုံလောက်သော စကားလုံးများရှာဖွေရန် ခက်ခဲသည့် ရာဇဝတ်မှုများကို စိတ်ဝင်စားမှုနှင့် အတွင်းကျကျအချက်များကို ဆောင်ယူပေးနိုင်သည်။ သို့ရာတွင် ဂရုစိုက်မှုမရှိသော သတင်းရယူရေးသားမှုသည် ရှင်သန်ကျန်ရစ် သူကို စိတ်ညစ်စရာများနှင့် နောက်ထပ်ဘေးအန္တရာယ်များနှင့် ထိတွေ့စေခြင်းဖြင့် ပိုမိုဆိုးရွားသွားစေနိုင်ပါသည်။ ဤလမ်းညွှန်ချက်များကို CRSV နှင့် သက်ဆိုင်သောကိစ္စရပ်များတွင် ပုံမှန်အားဖြင့် လုပ်ဆောင်လေ့ရှိသော သတင်းသမားများနှင့် ရုပ်ရှင်ရိုက်ကူးသူများက ရေးသားထားသည်။ ယင်းတို့သည် စုပေါင်းလုပ်ငန်း သတင်းစာပညာအနေဖြင့် အကောင်းဆုံးသော အလေ့အထများကို သတ်မှတ်ရန်နှင့် မျှဝေရန် ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း အသိအမှတ်ပြုမှုမှထွက်ပေါ်လာခြင်းဖြစ်သည်။ ရည်မှန်းချက်မှာ သူတို့၏အဖြစ်အပျက်များကို ပြောပြလောက်အောင် သတ္တိရှိသူများကို နောက်ထပ်ဘေးအန္တရာယ်ကျရောက်စေနိုင်မှုကို လျော့နည်းစေလျက် ပိုမိုတိကျပြီး နက်နက်ရှိုင်းရှိုင်း သတင်းရယူရေးသားနိုင်စေရန်ဖြစ်သည်။
မစတင်မီ သင့်ကိုယ်သင်မေးရန် အခြေခံကျသော မေးခွန်း သုံးခု
#1.
အခြေခံကျသော မေးခွန်း သုံးခု

ကျွန်ုပ်ဤအတွက် လုံလောက်သော ပြင်ဆင်မှုရှိပြီလား?

ပဋိပက္ခနယ်မြေတွင် လိင်အကြမ်းဖက်မှုအကြောင်းကို သတင်းဌာနများအားပြောပြခြင်းသည် ရှင်သန်ကျန်ရစ်သူမည်သူအတွက်မဆို အန္တရာယ်ကြီးလှသည်။ ဤလမ်းညွှန်များသည် မည့်သည့်အရာက ပို၍အန္တရာယ်ကျရောက်နိုင်ကြောင်းကောင်းစွာဖော်ပြလိမ့်မည်။
#2.
အခြေခံကျသော မေးခွန်း သုံးခု

ဤအချိန်၊ ဤနေရာမှာ၊ ဤလူကို တွေ့ဆုံမေးမြန်းခြင်း လုပ်သင့်ပါသလား?

တူညီသောသတင်းတပုဒ်ကိုရယူရာတွင် သတင်း ဇာစ်မြစ်၏လုံခြုံရေးကိုချင့်ချိန်ဆုံးဖြတ်ပေးခြင်း သည် ကွင်းဆင်းသတင်းထောက်ဖြစ်စေ၊ သတင်းခန်းမှအယ်ဒီတာဖြစ်စေ၊ လုပ်ဖော် ကိုင်ဖက်များစသည့် သတင်းသမားတိုင်း၏ တာဝန်ဖြစ်သည်။
#3.
အခြေခံကျသော မေးခွန်း သုံးခု

တွေ့ဆုံမေးမြန်သူက သူတို့ ကို ဘာအတွက် စာရင်းသွင်းသလဲ ဆိုတာ အပြည့်အ၀ နားလည်ပါသလား?

တစုံတယောက်သည် ၎င်းတို့၏စကားလုံးများ ကိုအသုံးပြုရန် (သို့) ဓါတ်ပုံကိုရိုက်ယူရန် “ဟုတ်ကဲ့” ဟုပြောရန်မလုံလောက်ပါ။ အပြည့်အ၀အသိပေးခြင်းမရှိပါက သဘော တူညီမှုရယူခြင်းသည်အဓိပ္ပာယ်မရှိပါ။
ပိုမိုဘေးကင်းသော မေးမြန်းမှုအတွက် မရှိမဖြစ်လိုအပ်သော အလေ့အထ သုံးခု
#4.
ပိုမိုဘေးကင်းသော မေးမြန်းမှုအတွက် မရှိမဖြစ်လိုအပ်သော အလေ့အထ သုံးခု

ရှင်သန်ကျန်ရစ်သူများအား သူတို့ ကိုယ်ပိုင်နည်းလမ်းဖြင့် သူတို့ကိုယ်ပိုင် အချိန်တွင်စကားပြောခွင့်ပေးပါ။

လိင်အကြမ်းဖက်မှုခံနေရချိန်တွင်လူများသည် မိမိတွင်ဖြစ်လာမည့်အရာများကိုထိန်းချုပ်သူမဟုတ်ဘဲ၊ အကြမ်းဖက်သူများ၏အရာ၀တ္ထု များအဖြစ်ဆက်ဆံခံရသည်။ တွေ့ဆုံမေးမြန်း ခံသူများအားသူတို့ပြောလိုသလိုပြောစေရန် ထိုလှုပ်ရှားမှုကို ပြောင်းပြန်လှန်နိုင်မည်လား။
#5.
ပိုမိုဘေးကင်းသော မေးမြန်းမှုအတွက် မရှိမဖြစ်လိုအပ်သော အလေ့အထ သုံးခု

လုံခြုံမှု၏ မှတ်ဉာဏ်နှင့် ခံစားချက်အပေါ် စိတ် ဒဏ်ရာ၏ ဆက်တိုက်အကျိုး သက်ရောက်မှုရှိ ကြောင်းကို နားလည်ပါ။

စိတ်ဒဏ်ရာတုံ့ပြန်မှုဆိုင်ရာ အခြေခံအသိပညာအချို့က စိန်ခေါ်မှုရှိသောလူတွေ့မေးမြန်းခြင်းအခြေအနေများနှင့် အကျိုးဆက်ဖြစ်စေသော သတင်းရယူရေးသားခြင်းမှ အမှားများကိုရှောင်ရှားရန်ကူညီပေးသည်။
#6.
ပိုမိုဘေးကင်းသော မေးမြန်းမှုအတွက် မရှိမဖြစ်လိုအပ်သော အလေ့အထ သုံးခု

သင့်ကိုယ်ပိုင်စိတ်ပိုင်း ဆိုင်ရာကျန်းမာခြင်းသည် ဤအရာ၏အစိတ်အပိုင်း တခုဖြစ်ကြောင်း နားလည်ပါ။

ရက်စက်ကြမ်းကြုတ်မှုကို ဖော်ပြရခြင်းသည် မီဒီယာပညာရှင်များအားစိတ်ပိုင်းဆိုင်ရာတွင် ထိခိုက်စေနိုင်သည်။ မိမိကိုယ်ကိုပြုစုခြင်းသည် သင်နှင့်သင့်သတင်းဇာစ်မြစ်များအတွက်ထားရှိ ရမည့်သင့်တာဝန်ဖြစ်သည်။
ဇာတ်လမ်း ပြောပြခြင်း
#7.
ဇာတ်လမ်း ပြောပြခြင်

သတိရပါ – လိင် အကြမ်းဖက်မှုသည် ဇာတ်လမ်း အတွက် တခုတည်းသော ရှုထောင့်မဟုတ်ပါ။

အဖြစ်အပျက်များ၏ ရက်စက်ကြမ်းကြုတ်မှု အပေါ်သာ အာရုံံံံစိုက်််််််နေခြင်းက သင်၏ သတင်းဇစ်မြစ်နှင့် သတင်းလုပ်ငန်းကို ထိခိုက်စေနိုင်သည်။ ပို၍ ပြည့်စုံသော အချက်များကိုပဲ ဦးစားပေးပါ။
#8.
ဇာတ်လမ်း ပြောပြခြင်

ရုပ်ပုံများသည် မှေးမှိန်မသွားပါ။ ရုပ်ပုံများရွေးချယ်ရာတွင် သတိထားပါ။

ရုပ်ပုံများ တကြိမ် ထွက်ပေါ်လာသည်နှင့် ၎င်းတို့ကို ပြန်ရစ်ထည့်၍ မရနိုင် တော့ပါ။ အားလုံး လက်လှမ်းမီသော အင်တာနက်က လူများကို အန္တရာယ် အမျိုးမျိုး ကြုံစေနိုင်သည်။