#2.
အခြေခံကျသော မေးခွန်း သုံးခု

ဤအချိန်၊ ဤနေရာမှာ၊ ဤလူကို တွေ့ဆုံမေးမြန်းခြင်း လုပ်သင့်ပါသလား?

တူညီသောသတင်းတပုဒ်ကိုရယူရာတွင် သတင်း ဇာစ်မြစ်၏လုံခြုံရေးကိုချင့်ချိန်ဆုံးဖြတ်ပေးခြင်း သည် ကွင်းဆင်းသတင်းထောက်ဖြစ်စေ၊ သတင်းခန်းမှအယ်ဒီတာဖြစ်စေ၊ လုပ်ဖော် ကိုင်ဖက်များစသည့် သတင်းသမားတိုင်း၏ တာဝန်ဖြစ်သည်။

CRSV အကြောင်းကိုတင်ပြချိန်တွင် သတင်းထောက်တယောက်သည် မိမိလုံခြုံရေးအတွက် အန္တရာယ်ချင့်ချိန်မှုကိုပြုသကဲ့သို့ မိမိ၏သတင်းဇာစ်မြစ် အတွက်လည်းပြုရန်လိုအပ်ပါသည်။ ဂရုတစိုက်လုပ်ဆောင်ရာတွင်မေးရမည့် အဓိကကျသောမေးခွန်းများမှာ -

  • ဤတွေ့ဆုံမေးမြန်းခြင်းကို ကောင်းစွာပြုနိုင်ရန် အချိန်အလုံအလောက်ရှိပါသလား။ ဤစကားဝိုင်းများကိုအလျင်စလိုမပြုသင့်ပါ။ ထိုသို့မဟုတ်ပါက အန္တရာယ်တစ်စုံတစ်ခုမဖြစ်စေရန် မည်ကဲ့သို့ခြားနားစွာ လုပ်ဆောင်နိုင်မည်နည်း။
  • ဤပတ်ဝန်းကျင်သည်လုံခြုံပါ၏လား။ အခန်းတွင်း၌မည်သူရှိပြီး မည်သူမရှိသင့်သနည်း။ ကျွန်ုပ်၏သတင်းဇာစ်မြစ်အတွက် ဖြစ်နိုင်ခြေရှိ သောအကျိုးဆက်များကို ချင့်ချိန်နိုင်ရန် ပါဝါလှုပ်ရှားမှုများကို လုံလောက်စွာနားလည်ပါသလား။ အကျပ်ကိုင်မှုသဘောရှိပါသလား။
  • ဤလူသည် စကားပြောရန်သင့်တော်သောသူဖြစ်ပါသလား။ သူသည် ဤအချိန်တွင် ဤစကား၀ိုင်းအတွက် လုံလောက် သောစိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုရှိပါသလား။ အကယ်၍မရှိပါက မည်သူဖြစ်နိုင်မည်နည်း။

သင်သည်ဝေးလံသောအရပ်ကို အန္တရာယ်များကြားမှခရီးပြုခဲ့ရသော်လည်း တခါတရံတွင် အခြေအနေအရပြုရမည့်ကျင့်ဝတ်အတိုင်း အစီအစဉ်အသစ်တခုဆွဲရန် လိုအပ်လိမ့်မည်။ အယ်ဒီတာအပြင် ကွင်းဆင်းသောသူများသည် စကား၀ိုင်းတခုကအထောက်အကူပြုမည်လား ဆိုသည့်အပေါ်တာဝန်ယူမှုရှိရမည်ဖြစ်သည်။

ဤအရာကိုလုပ်ရန် အချိန်လုံလောက်စွာရှိပါသလား?

သတင်းထောက်များသည် အလွန်ပြင်းထန်သော အချိန်ဖိအားအောက်တွင်လုပ်ဆောင်ရသည်။ သို့သော် CRSV ရှင်သန်ကျန်ရစ်သူများကို စိတ်ဒဏ်ရာ- ထိခိုက်လွယ်နည်းလမ်းဖြင့်တွေ့ဆုံမေးမြန်သောအခါတွင် လုံလောက်သောအချိန်ကိုခွင့်ပြုပေးရန်လိုအပ်ပါသည်။  

  • ရှင်သန်ကျန်ရစ်သူနှင့်သင့်တင့်စွာထိုင်ဖို့အတွက်အချိန်ရှိရပါမည်။
  • သင့်မှာလုံလောက်သောအချိန်မရှိပါက သင့်ရဲ့တနေ့တာကိုပြန်စီစဉ်နိုင်မလား။
  • လူတွေ့မေးမြန်းသောအခါတွင် စိတ်ထိခိုက်စရာအတွေ့အကြုံတခု၏အသေးစိတ်အချက်အလက်တွေကိုပြန်ပြောပြရန် ရှင်သန်ကျန် ရစ်သူကို အပြေးအလွှားမေးမည့်အစား အဖြစ်မှန်မေးခွန်းများကိုမေးခြင်းအားဖြင့် ကွဲမြားစွာပြုနိုင်ပါသလား။
  • ကိုယ်တိုင်တိုက်ခိုက်ခြင်းမခံရသော ယုံကြည်စိတ်ချရသော သတင်းဇာစ်မြစ်တခုနှင့်သင်စကားပြောသင့်ပါသလား။

ဤကဲ့သို့သောစီစဉ်ခြင်းသည် သင်နှင့်ရှင်သန်ကျန်ရစ်သူသာမက အခြားသူများကိုလည်းပါဝင်လာစေနိုင်ပါသည်။ အကယ်၍ ဤတွေ့ဆုံမေးမြန်ခြင်းကို NGO (သို့) ဒေသခံအကြီးအကဲများစသည့် ကြားခံအဖွဲ့များမှစီစဉ်သည်ဆိုပါက ထိုစီစဉ်သူများအား သင့်အချိန်မည်မျှရှိမည်ဖြစ်ကြောင်းပြောပြီး သင်ရှိသောအချိန် အတိုင်းချဉ်းကပ်ရန်ပြင်ဆင်နိုင်မှာဖြစ်သည်။

သင်၏ထိုပြင်ဆင်ခြင်းထဲတွင် ရှင်သန်ကျန်ရစ်သူကို ပါဝင်နိုင်သလောက်ပါဝင်စေသင့်ပါသည်။ အကယ်၍ သင့်အချိန်ဇယားသည်လွှဲသာပြောင်းသာရှိပါက မည်သည့်အချိန်သည်စကားပြောရန်ကောင်းသောအချိန်ဖြစ်မည်နည်း၊ မည်သည့်အချိန်တွင်စကားပြောရန်ခွန်အားရှိမည်နည်းဟုကြိုတင်မေးမြန်းပါ။ ထိုကဲ့သို့ သတင်းဇာစ်မြစ်ကို ပြောင်းသာလွှဲသာဖြစ်စေခြင်းသည်လွယ်ကူပေမယ့် သူတို့ရဲ့ဇာတ်လမ်းကိုဝေမျှခြင်းအပေါ် ထိန်းချုပ်မှုတချို့ရှိသည်ဟုခံစားစေ သောအစွမ်းထက်သောနည်းလမ်းတခုဖြစ်ပါတယ်။

ဤနေရာသည်တွေ့ဆုံမေးမြန်းရန် လုံခြုံသောနေရာ ဖြစ်ပါသလား?

သင်သည် သင်အလုပ်လုပ်သောနေရာ၏ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုအကြောင်းကိုစဉ်းစားခြင်း၌အကျင့်ဖြစ်ကောင်းဖြစ်နေလိမ့်မည်။ သို့သော် ရှင်သန်ကျန်ရစ်သူကို တွေ့ဆုံမေးမြန်းသောအခါတွင် ဤအကြောင်းကိုပို၍လေးနက်စွာစဉ်စားသင့်သည်။ အခန်းထဲတွင်မည်သူက အဘယ်ကြောင့် ရှိနေသလဲစသည့် ရိုးရှင်းသော မေးခွန်းများကို သင့်ကိုယ်သင်စမေးပါ။

  • ရပ်ရွာအကြီးအကဲများ၊ အခွင့်အာဏာရှိသူများ (သို့) သေနတ်နဲ့လူတွေရှိသလား။
  • အကြမ်းဖက်ကျူးလွန်ထားသောသူများနှင့် ဆက်နွယ်နေသောသူများရှိပါသလား။
  • ထိုနေရာတွင် ရှိစရာမလိုသောသူများ ရှိနေပါသလား။

အကြမ်းဖက်ကျူးလွန်သူများသည်အခန်းထဲတွင်မရှိခဲ့ပင်လျင် အသိုင်းအ၀ိုင်းအတွင်းတွင်နေထိုင်နေကြဆဲဖြစ်ပြီး တွေ့ဆုံမေးမြန်းသည့် အကြောင်းကိုကြားသိ နိုင်ပါသလား။ နေရာသည်မည်မျှသိုသိပ်ပိရိပြီး ရှင်သန်ကျန်ရစ်သူများသည် မိမိအသိုင်းအ၀ိုင်း၊ မိသားစုဝင်များစသည့်သူများ၏ ပို၍ကဲ့ရဲ့ရှုတ်ချခြင်းမှလွှတ်ရန် သင်ဘာလုပ်ပေးနိုင်မည်နည်း။

သင်လုပ်နေသောအရာကို သင်သေချာစွာမသိပါက လူများကို အဖြစ်အပျက်ဖြစ်ခဲ့သောနေရာသို့ ပြန်မခေါ်သွားပါနှင့်။ နေရာဒေသနှင့် မြင်ကွင်းများ၏ လှုံဆော် မှုသည်ပြင်းထန်သော စိတ်ဒဏ်ရာတုံ့ပြန်မှုများကိုဖြစ်စေနိုင်ပါသည်။

ဤအခြေအနေမျိုးကို ဖျန်ဖြေရန်လက်ခဲ့နိုင်သော်လည်း၊ သင်သည်တွေ့ဆုံမေးမြန်းခြင်းကိုထိန်းချုပ်ထားသူဖြစ်ကြောင်းသတိရပါ။ ပြီးလျှင် အတင်းအကျပ် လုပ်ဆောင်ခိုင်းသောပုံရောက်ခဲ့လျှင် (သို့) ရှင်သန်ကျန်ရစ်သူကိုအန္တရာယ်ဖြစ်စေမည်ဆိုပါက ရှေ့ဆက်မလုပ်ဆောင်သင့်တော့ပါ။ သတင်းခန်းမှဖိအားပေးမှု ကြောင့် ကျင့်ဝတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုကိုရင်ဆိုင်ရသည့်အခါ သတင်းထောက်၏စိတ်ကိုလေးလံစေနိုင်သောကြောင့် အယ်ဒီတာများ၏ပါဝင်မှုလည်းလိုပါသည်။

သင်နှင့်အတူခေါ်ဆောင်လာသောသူများလည်းရှိကောင်းရှိနိုင်သည်။ –

  • အကယ်၍သင်သည်ရုပ်သံထုတ်လွှင့်သူဖြစ်ပါက၊ သင့်အဖွဲ့ဝင်များကိုနည်းနိုင်သလောက်နည်းပေးနိုင်မလား။
  • အကယ်၍သင်သည်ဓါတ်ပုံဆရာတယောက်နှင့်လုပ်ဆောင်ရပါက၊ တွေ့ဆုံမေးမြန်းခြင်းပြီးသည့်အခါမှသီးခြားဓါတ်ပုံရိုက်ပေးနိုင်မလား။ သို့မှသာ ရှင်သန်ကျန်ရစ်သူသည် စိတ်ဒဏ်ရာဖြစ်ရပ်များအကြောင်းပြောနေချိန်တွင် ဓါတ်ပုံရိုက်မခံပဲ နေရမည်ဖြစ်သည်။
  • အကယ်၍သင်သည်ဘာသာပြန်တယောက်နှင့် တွဲဖက်လုပ်ဆောင်ရပါက၊ သူသည်ဤအလုပ်တွက် သင့်တော်သောသူဖြစ်ပါသလား။ သူတို့သည် အဖြစ်အပျက်များကိုနားလည်ပြီး စိတ်ဒဏ်ရာသတိပြု တွေ့ဆုံမေးမြန်ခြင်းတွင် လုပ်ဆောင်ဖူးသူဖြစ်ပါသလား။
  • ရှင်သန်ကျန်ရစ်သူများသည် အခန်းတွင်းရှိ ဆန့်ကျင်ဖက်လိင်များနှင့်စကားပြောရန် သက်တောင့်သက်သာရှိပါသလား။ အမျိုးသမီးကအမျိုး သမီးကို တွေ့ဆုံမေးမြန်းခြင်း၊ အမျိုးသားက အမျိုးသားကိုတွေ့ဆုံမေးမြန်ခြင်း လုပ်ရန်မလိုအပ်သော်လည်း ဤအရာသည် စဉ်းစားဆင်ခြင်မှု တခုဖြစ်သည်။
  • ဖြစ်နိုင်လျင်၊ မည်သည့်အရာကရှင်သန်ကျန်ရစ်သူကိုသက်တောင့်သက်သာဖြစ်စေနိုင်သလဲ ဆိုတာကိုမေးပါ။ ဆွေမျိုးတယောက်ယောက် (သို့) ယုံကြည်ရသည့်မိတ်ဆွေတယောက်ယောက်ကို သူတို့နှင့်အတူရှိနေစေချင်ပါသလား။ အကယ်၍ အရွယ်မရောက်သေးသူတယောက် ကိုတွေ့ဆုံမေးမြန်းသည့်အခါတွင် သူတို့၏အုပ်ထိန်းသူသည်အမြဲတမ်းရှိနေသင့်သည်။ (လိင်အကြမ်းဖက်မှုအကြောင်းကို ကလေးများနှင့် လူငယ်များကိုတွေ့ဆုံမေးမြန်းရာတွင် တိကျသောကျွမ်းကျင်မှုနှင့် ပိုမိုကြိုးစားအားထုတ်မှုများလိုအပ်ပါသည်။ သင်လုပ်သင့်သောအရာ ဖြစ်သလားဟုသင့်ကိုယ်သင်မေးပါ။)

ဤသူသည် တွေ့ဆုံမေးမြန်းရန်သင့်တော်သောသူဖြစ်ပါသလား။

ဤရိုးရှင်းသောမေးခွန်းများကိုမေးပါ။ –

  • ဤတွေ့ဆုံမေးမြန်းမှုကိုလိုအပ်ပါသလား။ သင့်မှာလုံလောက်သောအချက်အလက်များရှိပြီလား (သို့) ထပ်ဖြည့်ရန်လိုအပ်ပါသလား။
  • မေးမြန်းခြင်းခံရသူသည် ဘယ်အရာကိုမေးနေကြောင်းသိသောအနေအထားတွင်ရှိပါသလား။
  • လျို့ဝှက်ထားသောမျှော်လင့်ချက်များရှိပါသလား။ လက်တွေ့မကျသောသင်နှင့်တွေ့ဆုံခြင်းမှ ရလဒ်များရမည်ဟုသူတို့မျှော်လင့်နေကြသလား။

မကြာခဏဆိုသလို ပဋိပက္ခအတွင်း (သို့) ပဋိပက္ခပြီးနောက်အခြေအနေများတွင် ကွင်းဆင်းအလုပ်လုပ်ကြသော NGO များသည် သတင်းထောက်များ အတွက်ဝင်ရောက်ခွင့်များဖြစ်ပြီး ရှင်သန်ကျန်ရစ်သူများကို လိင်အကြမ်းဖက်မှုအကြောင်းပြောရန် သင့်အတွက်စီစဉ်ကောင်းစီစဉ်ပေးနိုင်မည့်သူများ ဖြစ်သည်။ NGO သည်သတင်းထောက်များနှင့်တွေ့ဆုံမေးမြန်းရန် လူတယောက်တည်း (သို့) အဖွဲ့ငယ်တဖွဲ့တည်းကိုထပ်ခါတလဲလဲ စီစဉ်ပေးရင်း အလုပ်ရှုပ်နေသောအခြေအနေတခုနှင့် ကြုံကောင်းကြုံနိုင်သည်။ ဇာတ်လမ်းတပုဒ်ကိုအချိန်တိုအတွင်း ထပ်ခါတလဲလဲ ပြောနေရခြင်းသည် စိတ်ဒဏ် ရာရှိခဲ့သောအချို့အတွက် အလွန်စိတ်ရှုပ်စရာကောင်းနိုင်သည်။ ရှင်သန်ကျန်ရစ်သူအတွက် ဥပဒေဂယက်ရိုက်မှု ဆိုးကျိုးများလည်းကြုံရနိုင်သည်။ သူတို့၏ မတူညီသော တွေ့ဆုံမေးမြန်ခြင်းများသည် တခုနှင့်တခု အနည်းငယ်ကွဲပြားခြင်းရှိနေပါက နောက်ပိုင်းတွင်တရားဝင်ပြန်လည်ဖြေရှင်းရန် အခွင့်အလမ်းကိုထိခိုက်စေနိုင်ပါသည်။ [see the box in #3].

အချိန်ဖိအားအောက်တွင်ရောက်နေသော သတင်းထောက်များအတွက် NGO များအကြံပေးသောအရာများနှင့်လိုက်လျောညီထွေစွာ လုပ်ဆောင်ခြင်းသာလျင် လွယ်ကူပါသည်။ သို့သော်သင်တွေ့ဆုံမေးမြန်းနေသည့်ရှင်သန်ကျန်ရစ်သူများအပေါ်တွင်ထားသောတောင်းဆိုချက်များအကြောင်းဆွေးနွေးရကျိုးနပ်ပါသည်။ အကြိမ်ပေါင်းမည်မျှ တွေ့ဆုံမေးမြန်းပြီးကြောင်းမေးသကဲ့သို့ရိုးရှင်းနိုင်ပါသည်။ ဆန်းသစ်စွာစဉ်းစားကြည့်ပါ။ – အကယ်၍သင်သည်သတင်းထောက်တဖွဲ့နှင့် ခရီးသွားပါက၊ ရှင်သန်ကျန်ရစ်သူသည် သူတို့ဇာတ်လမ်းကိုတကြိမ်တည်းသာဝေမျှရန် သင်၏သုတေသနပြုချက်များကိုစုပေါင်းလိုက်ရန်ဖြစ်နိုင်ပါသလား။

၂၀၁၉ တွင် Coumbia Journalism Review တွင် Human Rights Watch မှ Skye Wheeler သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် လိင်အကြမ်းဖက်ခြင်းမှရှင်သန်ကျန်ရစ်သူများကို ကျင့်ဝတ်သိက္ခာမဲ့စွာ သတင်းယူခြင်းများနှင့်သုနေသနပြုမှုများအပေါ် အလေးအနက်ပြောဆိုခဲ့သည်။

သံသယ ရှိစရာမလိုပါဘူး” ဟု သူက ပြောသည်။နောက်ပြန်လှည့်ကြည့်ပြီး အရာရာအဆင်မပြေဘူးလို့  ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် လူတွေကို အကြိမ်ပေါင်းများစွာပြန်ပြီး တွေ့ဆုံမေးမြန်းခြင်းတွေလုပ်ခဲ့တယ်။လို့သူပြောခဲ့ပါသည်။ [a]

အဓိကစဉ်းစားဆင်ခြင်ရမယ့်အချက်ကတော့ – တစုံတယောက်သည်တွေ့ဆုံမေးမြန်းခြင်းကိုလက်ခံရန် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိမရှိဆိုတာ ဆုံးဖြတ် ရန်ခက်ခဲပါတယ်။ ဥပမာ၊ တစုံတယောက်သည်စိတ်ချောက်ချားဖွယ်ရာဖြစ်ရပ်တခုပြီးနောက်တွင် အထူးသဖြင့်စိတ်ဖိစီးမှုအဆင့်မြင့်မားနေသည် ဆိုပါက ထိုသူတို့သည်တွေ့ဆုံမေးမြန်ခြင်းကိုလက်ခံနိုင်လိမ့်မည်မဟုတ်ပါ။ CRSV သည်သီးခြားနေထိုင်သောနေရာတွင်ဖြစ်နိုင်ခြေနည်းလှပါသည်။ – ရှင်သန်ကျန်ရစ်သူတယောက်သည် အခြားသောအကြမ်းဖက်မှုမျိုး၊ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း၊ မိသားစုဝင်များကိုဆုံးရှုံးရခြင်းများကိုလည်းလက်တလော ကြုံကောင်းကြုံနေရလိမ့်မည်။

သင့်သတင်းဇာစ်မြစ်၏ရုပ်ပိုင်းဆိုင်ရာဘေးကင်းမှုကို ချင့်ချိန်ဆုံးဖြတ်ရန်သာမကသင့်အတွက်ပါစဉ်းစားရန်တုန်လှုပ်စရာကောင်းနိုင်ပါသည်။ ဖြေရှင်းရန်နည်း လမ်းကတော့ တွေ့ဆုံမေးမြန်းခြင်းမည်သို့မည်ပုံဖြစ်လာမည်ကိုသော်လည်းကောင်း၊ ဖြစ်လာသောအခြေအနေပေါ်တွင်သူတို့အားမည်ကဲ့သို့ ကိုင်တွယ်စေမည် အကြောင်းကိုလည်းကောင်း ဆုံးဖြတ်ရာတွင်လူများကိုမကြာခဏ ပိုမိုပြည့်၀စွာပါဝင်စေခြင်းဖြစ်သည်။ ဤပြဿနာအများစုသည် သဘောတူညီချက်မေးခွန်း များနှင့်ထပ်နေပါသည်။ – အခန်း #3 တွင် ထိုအကြောင်းပိုတွေ့နိုင်ပါသည်။

သတင်းရယူတင်ပြခြင်းမည်ကဲ့သို့မှားယွင်းသွားနိုင်ကြောင်းနှင့်အစွန်းထင်ခြင်း

တစုံတယောက်ထံချဉ်းကပ်ခြင်းသည် ၎င်းတို့၏လုံခြုံမှုနှင့် ကိုယ်ရေးကိုယ်တာဖြစ်ခြင်းကို ထိခိုက်စေခြင်းရှိမရှိ သင့်ကိုယ်သင်မေးပါ။ အချို့သောလူ့အဖွဲ့ အစည်းများတွင် မုဒိမ်းကျင့်ခံရသည်ဟု သံသယရှိရုံဖြင့်ပင် အရှက်ခွဲခံရခြင်း၊ ဖယ်ထုတ်ခံရခြင်းနှင့် နောက်ထပ်အကြမ်းဖက်မှုများကြုံရနိုင်သည်။

ဤသည်မှာ သတင်းထောက်များ၏ အကြောင်းအရာများကိုအပြည့်အ၀မချပြသောအခါ မည်ကဲ့သို့မှားယွင်းသွားနိုင်ကြောင်း အီရတ်မှရေးဆွဲထားသော ဥပမာတခုဖြစ်သည်။

Johanna Foster နှင့် Sherizaan Minwalla တို့သည် ISIS ၏ဖမ်းဆီးထားခြင်း၊ မုဒိမ်းကျင့်ခြင်း၊ လူကုန်ကူးခြင်းမှလွှတ်မြောက်လာသော အမျိုး သမီးများ နှင့်မိန်းကလေးများ၏ တွေ့ဆုံမေးမြန်းခြင်း ၂၆ တွဲမှ Yazidi အမျိုးသမီးများ၏သဘာ၀အယူဝါဒအမြင်များနှင့် သတင်းထုတ်ပြန်ချက်များ၏ အကျိုးသက်ရောက်မှုများကိုရှာဖွေတွေ့ရှိခဲ့ပါသည်။ သူတို့၏ရှာဖွေတွေ့ရှိချက်များကို ၂၀၁၈ ၏သုတေသနစာတမ်းတွင်ဖော်ပြခဲ့ပါသည်။ ဤသည်မှာ အချို့သော အဓိကကောက်နှုတ်ချက်များဖြစ်သည်။

ကမ္ဘာတဝှမ်းရှိ အခြားအမျိုးသမီးများကဲ့သို့ပင် Yazidi အမျိုးသမီးများသည် ရင်းနှီးထားပြီးသော လိင်ကိစ္စအကျပ်အတည်းကို ရင်ဆိုင်ရပြီး မိမိတို့လိုအပ်ချက်ထက် မိမိလူ့အဖွဲ့အစည်း၏လိုအပ်ချက်ကိုဦးစားပေးရန်တောင်းဆိုခံရသည်။

အထူးသဖြင့်၊ သူတို့ သည် ကိုယ်ရေးကိုယ်တာရုပ်ပိုင်းဆိုင်ရာ၊ ဂုဏ်သက္ခာပိုင်းနှင့်စိတ်ခံစားချက်ပိုင်းဆိုင်ရာအန္တရာယ်များရှိနေသော်လည်း ၎င်းတို့၏ စိတ်ထိခိုက်စရာဇာတ်လမ်းများကိုကမ္ဘာသို့စွန့်လွတ်စတေးခံလိုက်ရန်ဆုံးဖြတ်ပေးခြင်းနှင့်ရင်ဆိုင်ခဲ့ရသည်။ အကယ်စင်စစ် ထိုသို့ ပြုရန် Yazadi အမျိုးသမီးများသည် Yazadi အမျိုးသားများ၏ တိုက်ရိုက်တိုက်တွန်းခြင်းကို အချိန်ကြာလာသည်နှင့်အမျှ မိမိ ဂုဏ်သိက္ခာဆုံးရှုံးရခြင်းအတွက် ကဲ့ရဲ့ရှုတ်ချခြင်းမခံရ (သို့) ညံ့ဖျင်းစွာဆက်ဆံခြင်းမခံရ (သို့) ငြင်းပယ်ခြင်းမခံရဟုစိတ်ချနိုင် ကြောင်းသက်သေတစုံတရာမရှိဘဲလက်ခံရသည်။

တွေ့ဆုံမေးမြန်းခံရသော Yazidi အမျိုးသမီးတဦး ပြောသည်မှာ –

ကျွန်မ ISIS ကနေပြန်ရောက်ပြီးအစပိုင်းမှာ၊ ကော်မတီတဖွဲ့က နင့်ရဲ့ဇာတ်လမ်းကိုစာရင်းသွင်းမယ်ဆိုပြီး အသံသွင်းစက်တခုနဲ့ လာတဲ့အခါကျွန်မငြင်းလိုက်ပါတယ်။ အဲ့ဒီအခါမှာ ကျွန်မရဲ့ခဲအိုစီသွားပြီး သူငါတို့ကိုစကားမပြောဘူးလို့ပြောတယ်။

 Yazidi အမျိုးသမီးများသည် သူတို့အားထားရသောစခန်းတွင်နေထိုင်ရင်း နောက်ထပ်အကျပ်ကိုင်ခြင်းအဆင့်တွေများလာသောအခါ၊ ကျေးဇူးရှိတယ်လို့ခံစားတာကတမျိုး၊ စခန်းရဲ့ထောက်ပံ့သူများနှင့် စခန်းရဲ့ဝန်ထမ်းများကိုစိတ်ကျေနပ်စေဖို့တာဝန်ရှိကြောင်းခံစားတာ ကတဖုံ၊ ဖိအားပေးနေသော သတင်းထောက်များကြောင့် မိမိတို့၏ဇာတ်လမ်းများကိုပြောဖြစ်ခဲ့ကြသည်။

“သုံးလကြာ ISIS ၏လိင်ကျွန်အဖြစ်ဖမ်းဆီးခံထားရပြီး အုပ်စုလိုက်မုဒိမ်းကျင့်ခံရသော Yazidi အမျိုးသမီး၏ဆိုးရွားသောဝေဒနာကိုထုတ်ပြောခြင်း” “ISIS သည်လိင်ကျွန်မိန်းကလေးများကိုစီးကရက်တဗူးလောက်ဖြင့်သာရောင်းချခြင်း” “Yazidiအမျိုးသမီးများ Daesh၏မုဒိမ်းပြုကျင့်ခြင်းကိုခံရပြီး  နောက်အပျိုစင်အဖြစ်ကိုပြန်ရရန် ခွဲစိပ်ကုသခံခြင်း” စသည့်သတင်းကြီးစေရန်ဖန်တီးသောခေါင်းစဉ်များဖြင့်ဇာတ်လမ်းများကိုသတင်းထုတ်လွှင့်သည့် အခါ ကဲ့ရဲ့ရှုတ်ချမှုဖြစ်နိုင်ခြေကိုတိုးမြှင့်ပေးသည်။ [b]

နောက်ထပ်အရင်းအမြစ်များ - လုံခြုံမှု

မီဒီယာထောက်ပံ့မှုနှင့် ကာကွယ်ရေးအဖွဲ့အစည်များမှထုတ်ဝေသော အန္တရာယ်ရှိသောတာဝန်များအပေါ်လုံခြုံမှုရှိစေရန် လမ်းညွှန်အမျိုးမျိုး ရှိပါသည်။ ကျွန်ုပ်တို့သည် CPJ (သတင်းထောက်များကိုကာကွယ်ပေးသည့်ကော်မတီ)၊ ACOS Alliance (A Culture of Safety) နှင့် Rory Peck Trust (tailored to freelancers) တို့မှပံ့ပိုးပေးထားသည့်ခြုံငုံသုံးသပ်ချက်များကို စတင်အကြုံပြုလိုပါသည်၊ သို့သော် အခြားသော သက်ဆိုင်ရာအရင်းအမြစ်များစွာရှိပါသည်။ (တူညီသောအဖွဲ့အစည်းများသည် လေ့ကျင့်သင်ကြားမှုရယူခြင်းနှင့်အခြားပံ့ပိုးကူညီမှုအမျိုး အစားများအတွက်လည်းအကြံဉာဏ်ပေးနိုင်သည်။)

Doc Society မှ Safe and Secure ကို ရုပ်ရှင်ထုတ်လုပ်သူများအတွက်ဒီဇိုင်းဆွဲထားပါသည်။ ရုပ်ပိုင်းဆိုင်ရာဘေးကင်းရေးဆိုင်ရာ အကြံပြုချက်များကိုပံ့ပိုးပေးသည့်အပြင်၊ အဖွဲ့ဝင်များနှင့်ပံ့ပိုးကူညီသူများကို ကျော်သွားလေ့ရှိသောအရေးပါသောရှုထောင့်များဖြစ်သော ဥပဒေနှင့်ဒစ်ဂျစ်တယ်လုံခြုံရေးခြိမ်းခြောက်မှုများမှကာကွယ်ရန်အတွက် သတင်းထောက်များအတွက်တန်ဖိုးမဖြတ်နိုင်သောအကြံဉာဏ် များကိုလည်းပေးထားပါသည်။ Global Investigative Journalism ကွန်ရက်ကလည်း ဤ detailed resource page ကိုပေးပါ သည်။

အကယ်၍သင်သည်တည်းဖြတ်သူ (သို့) မန်နေဂျာဖြစ်ပါက ACOS ၏ safety assessment tool for news organisations နှင့် Dart Centre ၏ working with freelancers exposed to trauma ကိုသေချာစွာဖတ်ကြည့်ပါ။ CPJ မှ Frank Smyth from သည် CRSV အကြောင်းပြောသည့်အခါ သတင်းထောက်များ၏အန္တရာယ်များအကြောင်းဆွေးနွေးထားသည့် ဤခြုံငုံသုံးသပ်ချက် ကိုရေးသားထားပါသည်။

အောက်ခြေမှတ်စုများ

  • a

    https://www.cjr.org/analysis/rohingya-interviews.php ကိုကြည့်။

  • b

     Johanna Foster နှင့် Sherizaan Minwalla တို့၏ ‘Voices of Yazidi Women: Perceptions of Journalistic Practices in the Reporting on Isis Sexual Violence,’ Women’s Studies International Forum ၆၇ (၂၀၁၈)။ စာ ၅၃-၆၄