ဒါ ဘာကြောင့်လဲ။

ဤလမ်းညွှန်ချက်များသည် ပဋိပက္ခ ကြုံတွေ့နေရသော နိုင်ငံများတွင် လိင်အကြမ်းဖက်မှုနှင့် နှိပ်စက်ညှင်းပမ်းမှုများကို ကိုင်တွယ်ထားသည့် သတင်းဇာတ်လမ်းများအပေါ် ပုံမှန်အလုပ်လုပ်ခဲ့ဘူးသည့် အတွေ့အကြုံရှိသော သတင်းသမားများနှင့် ရုပ်ရှင်သမားများ အကြား ဆွေးနွေးမှုများမှ ပေါ်ထွက်လာခဲ့သည်။

ဤအလုပ် လုပ်ကြသူတိုင်းတွင် အကောင်းဆုံးသော စိတ်စေတနာရှိကြသည်။ သို့ရာတွင် အချို့သောအဆင့်တွင် ကျွန်ုပ်တို့အားလုံး၏ လုပ်ဆောင်မှုသည် မိမိတို့ဇာတ်လမ်း ပြောပြရန် ကြိုးစားနေသူများအား နောက်ထပ်အန္တရာယ် သက်ရောက်မှုရှိမရှိ မိမိကိုယ်ကို မေးခွန်းထုတ်ကြသည်။

သတင်းသမားများသည် ပဋိပက္ခအခြေအနေများတွင် လိင်အကြမ်းဖက်မှုမှ ရှင်သန်ကျန်ရစ်သူများထံသို့ ပထမဆုံး သွားရောက်တွေ့ဆုံမေးမြန်းသောသူများ ဖြစ်လေ့ရှိသော်လည်း သင်ယူမှုနှင့် ပံ့ပိုးမှု တစုံတရာရရှိရန် ခက်ခဲကြပါသည်။

ထို့ကြောင့် ဤအရင်းအမြစ်ကို လိုအပ်ပါသည်။ ဤလမ်းညွှန်ချက်များသည် သတင်းထောက်တိုင်း (သို့မဟုတ်) CRSV အတွက် ရုပ်ရှင်ရိုက်ကူးသူတိုင်း နားလည်ရန်လိုအပ်သည့် အဓိက ကျွမ်းကျင်မှု နယ်ပယ် ရှစ်ခုအထိ ခွဲခြားဖော်ပြထားပါသည်။ ဤအဆိုပြုချက် ၈ ချက်ကို နက်ရှိုင်းစွာဖတ်ရှုပြီး လုပ်ဖော်ကိုင်ဖက်များနှင့် အမြန်ပြန်လည် ပြင်ဆင်ခြင်းနှင့် မျှဝေခြင်းတို့ကို ပြုနိုင်သည့်ပုံစံဖြင့် ဒီဇိုင်းထုတ်ထားပါသည်။ ၎င်းတို့သည် လက်ရှိအမှန်ဖြစ်ပျက်နေသော အရာများကဲ့သို့ လက်တွေ့ကျပြီး စိတ်ဝင်စားစရာကောင်းရန် ရည်ရွယ်ထားပါသည်။

ဤအရာများကို သတင်းသမားများအတွက် သတင်းသမားများက ရေးထားသော်လည်း ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးခြင်းများထဲက ထွက်လာသော ရလဒ်များဖြစ်ပါသည်။ ဤအရာများကို ရေးသားရာတွင်၊ CRSV ၏ ရှင်သန်ကျန်ရစ်သူများ (အချို့သည်တက်ကြွလှုပ် ရှားသူများဖြစ်ပြီး၊ အားလုံးသည် ကျွမ်းကျင်သူများ ဖြစ်သည်)၊ စိတ်ဒဏ်ရာကု ဆရာဝန်များ၊ လူမှုဝန်ထမ်းများ၊ ရှေ့နေများ၊ ဓါတ်ပုံဆရာများ၊ ရုပ်ရှင်ရိုက်ကူးရေး သမားများ၊ သတင်းထောက်များ၊ အယ်ဒီတာများနှင့် တိုင်ပင်ခဲ့ပါသည်။

ဤအရာသည် ရှုပ်ထွေးသောဧရိယာ ဖြစ်ပါသည်။ ဤလမ်းညွှန်ချက်များသည် သတင်းသမားတိုင်း၏ တွေ့ကြုံရမည့် အခြေအနေတိုင်းအတွက် လုံလောက်မည်မဟုတ်ပါ။ နောက်ပြီး ကျွန်ုပ်တို့၏ အကြံပြုချက် အားလုံးကိုလည်း လူတိုင်းသဘောတူလိမ့်မည် မဟုတ်ပါ။

မည်သို့ပင်ဖြစ်လင့်ကစား၊ အမှန်တရားနှစ်ခုကို ဟန်ချက်ညီဖို့ ကြိုးစားခဲ့ကြပါတယ်။ ပထမအချက်မှာ ဤအကြမ်းဖက်လုပ်ရပ်များကို မှတ်တမ်းမတင်ထားပါက၊ သူတို့ရပ်တန့်သွားရန် အခွင့်အလမ်းမရှိပါ။ ဒုတိယအချက်ကတော့ လိင်အကြမ်းဖက်မှုနှင့် ပတ်သတ်လာပါက ရှင်သန်ကျန်ရစ် သူတိုင်း မိမိဇာတ်လမ်းကို မိမိပိုင်ကြပါသည် – ကျွန်ုပ်တို့မပိုင်ပါ။

နောက်ထပ်ဘာလဲ?

ဤလမ်းညွှန်ချက်များကို ဖန်တီးခြင်းသည် စကား၀ိုင်းများကို မြှင့်တင်ပေးရန်နှင့် သတိမူခြင်းကို ဖြစ်ပေါ်စေရန် ဖြစ်သည်၊ဝေမျှရန် ပြုလုပ်ထားသည်။ အကျိုးရှိစွာအသုံးချနိုင်မည့် မည်သူ့ကိုမဆို ဝေငှပေးပါ။

မိတ်ဆွေတို့ တုံ့ပြန်ရန်ဖိတ်ခေါပြီး အနာဂတ်တွင် အပြန်အလှန်ဆွေးနွေးနိုင်ရန် မျှော်လင့်ပါသည်။

Dart Centre ၏ လုပ်ဆောင်မှုအကြောင်းကို ပို၍သိလိုသော ဆန္ဒရှိပါက ကျွန်ုပ်တို့၏ စာပို့စာရင်းအတွက် ဤနေရာ တွင် sign up လုပ်နိုင်ပါသည်။

ခရက်ဒစ်များနှင့် အသိအမှတ်ပြုခြင်းများ

ဒီအရင်းအမြစ်ကို ဘယ်လို ရေးထားသလဲ ဆိုတာကို ဖတ်ကြည့်ပါ။

ပိုမိုကြည့်ရန် ချုံ့ရန်

ဤအရင်းအမြစ်ကို စိတ်ဒဏ်ရာနှင့် အကြမ်းဖက်မှုအကြောင်း တင်ပြကြသော သတင်းသမားများနှင့် ရုပ်ရှင် ထုတ်လုပ်သူများအတွက် ကွန်ရက်နှင့် အရင်းအမြစ်ဖြစ်သော Dart Centre Europe, က ထုတ်ဝေသောကြောင့် ပထမဆုံး ခရက်ဒစ်သည် နှစ်ပေါင်းများစွာ စင်တာ၏ ဆွေးနွေးပွဲများတွင် ထည့်သွင်းပါဝင်ခဲ့သူတိုင်း ဖြစ်ပါသည်။ ပင်မ စီစဉ်မှုနှင့် ရေးသားမှု အဖွဲ့တွင် ပါဝင်သူများမှာ Gavin ReesSamira ShackleStephen JukesJuliana RuhfusLeslie Thomas နှင့် Christina Lamb တို့ဖြစ်သည်။

မိမိတို့၏ တိုက်ရိုက် အကြံယူ ဆွေးနွေးမှုတွင် ပါဝင်သူ အားလုံးကို ကျေးဇူးတင်ပါသည်။

ဤစီမံကိန်းကို UK နိုင်ငံခြား၊ ဓနသဟာယ နှင့် ဖွံ့ဖြိုးရေး ရုံး၏ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု ကာကွယ်ရေး အစပျိုးလုပ်ဆောင်မှုမှ ရံပုံငွေက ဖြစ်မြောက်စေခဲ့ပါသည်။

WHAT OTHERS HAVE SAID

Read what others have said about these guidelines.

See more See less

“Quis vel eros donec ac odio. Quis enim lobortis scelerisque fermentum dui. Tellus orci ac auctor augue mauris augue. Lacus luctus accumsan tortor posuere ac ut. Curabitur vitae nunc sed velit. Fringilla ut morbi tincidunt augue interdum. Nibh cras pulvinar mattis nunc sed. Vulputate odio ut enim blandit volutpat. Sed augue lacus viverra vitae congue eu. Scelerisque eleifend donec pretium vulputate sapien nec sagittis aliquam. Quam quisque id diam vel.”

Dart Centre Europe
အင်္ဂလန်နှင့် ဝှေးစ်တွင် ပရဟိတ မှတ်ပုံတင်အမှတ် 1172731

ကျေးဇူးပြု၍ ထိတွေ့မှု လုပ်ပေးပါ။ တုန့်ပြန်မှုများကို ကြိုဆိုပါသည်။
covering.crsv@dartcentre.org