#1.
အခြေခံကျသော မေးခွန်း သုံးခု

ကျွန်ုပ်ဤအတွက် လုံလောက်သော ပြင်ဆင်မှုရှိပြီလား?

ပဋိပက္ခနယ်မြေတွင် လိင်အကြမ်းဖက်မှုအကြောင်းကို သတင်းဌာနများအားပြောပြခြင်းသည် ရှင်သန်ကျန်ရစ်သူမည်သူအတွက်မဆို အန္တရာယ်ကြီးလှသည်။ ဤလမ်းညွှန်များသည် မည့်သည့်အရာက ပို၍အန္တရာယ်ကျရောက်နိုင်ကြောင်းကောင်းစွာဖော်ပြလိမ့်မည်။

CRSV အကြောင်းအစီရင်ခံတင်ပြခြင်းသည် သတင်းသမားတဦးလုပ်ရမည့်စိန်ခေါ်မှုအများဆုံးအလုပ်များတွင် တစ်ခုပါဝင်ပြီး - ဂရုတစိုက်စဉ်းစား၍လုပ်ရန်လိုအပ် သည်။ အစမပြုမှီတွင်၊ အောက်ပါအကြောင်းအရာများကိုသေချာစွာ သုတေသနပြုပါ။

  • CRSV ဆိုသည်မှာအဘယ်နည်း၊ မုဒိမ်းမှုနဲ့အခြားလိင်အကြမ်းဖက်မှုပုံစံများက တဦးချင်းစီနှင့် သူတို့အသိုင်းအဝိုင်းအပေါ် မည်သို့အကျိုးသက်ရောက်မှုရှိသနည်း။
  • ရှင်သန်ကျန်ရစ်သူများကို စိတ်ဒဏ်ရာကုစားနည်းဖြင့် မည်ကဲ့သို့ဂရုတစိုက် တွေ့ဆုံမေးမြန်းရမည်နည်း။
  • ဒေသတွင်း နိုင်ငံရေးအာဏာနှင့် ပိုမိုကျယ်ပြန့်သော လုံခြုံရေးပုံရိပ်၊ ကျားမလှုပ်ရှားမှု နှင့်လိင်အကြမ်းဖက်မှုနှင့်ပတ်သက်သော ယဉ်ကျေးမှု သဘောထားများ။
  • သင်လုပ်ရမည့်ပုံရိပ်ရွေးချယ်မှု။ ဓါတ်ပုံရိုက်မလား (သို့) ဗီဒီယိုရိုက်မလား။ မည်သည့်နေရာတွင် မည်ကဲ့သို့ပြုမည်နည်း။ မထင်မရှားရိုက်ကူးခြင်းမျိုးဖြစ်မလား။
  • သင့်စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုအဆင့်နှင့် အဘယ့်ကြောင့်အရေးကြီးသနည်း။

ဤလမ်းညွှန်ကိုပဋိပက္ခတွင်းရှိ လိင်အကြမ်းဖက်မှုဟု ခေါ်ဆိုခဲ့သော်လည်း ဤလမ်းညွှန်တခုလုံးတွင် ပဋိပက္ခဆိုင်ရာလိင်အကြမ်းဖက်မှုဟုခေါ်သော CRSV ဆိုသည့်အခြေခံအက္ခရာကိုအသုံးပြုထားပါသည်။

CRSV သည်လိင်အကြမ်းဖက်မှုများကို ရည်ညွှန်းသည်။ ဥပမာ၊ မုဒိမ်းမှု၊ အတင်းအကျပ်ပြည့်တန်ဆာပြုခြင်း၊ အတင်းအကျပ်အိမ်ထောင်ချခြင်း၊ အတင်းအကျပ် သားကြောဖြတ်ခြင်းနှင့် ပဋိပက္ခနှင့်ဆက်နွယ်နိုင်သည့် အခြားအလားတူရာဇဝတ်မှုများ။ ဤရာဇဝတ်မှုများသည် ကြိုတင်ကြံစည်ထား သောစစ်ရေး (သို့) နိုင်ငံရေးရည်မှန်းချက်များကိုရယူရာတွင် အများသောအားဖြင့်ကျူးလွန်လေ့ရှိပြီး၊ လူမျိုးတုံးသတ်ဖြတ်မှုများနှင့်စစ်ရာဇဝတ်များ၏ တရားဝင်အမျိုးအစားအောက်တွင်ရှိသော်လည်း၊ ဖြစ်ပျက်ပုံများက ပို၍အခွင့်ကောင်းယူသည့်ပုံစံပေါက်သည်။ CRSV သည်စစ်ပွဲတွင်း မုဒိမ်းမှုဆိုသည့် စကားစုထက်သာ၍ ကျယ်ပြန့်ပါသည်။ ထိုအသုံးအနှုန်းသည် မတည်ငြိမ်သောအခြေအနေများတွင် သောင်းကျန်းသူများ၊ ပြည်သူ့စစ်များ (သို့) တပ်မတော်က လိင်ပိုင်းဆိုင်ရာမတော်မတရားပြုကျင့်မှုကို ဒေသခံပြည်သူများအား ဖိနှိပ်ခြင်းနှင့် တိုက်ပွဲဝင်သူများကို လှုံဆော်ပေးရန် တန်ဆာပလာအဖြစ်အသုံးပြု ခြင်းနှင့်သက်ဆိုင်သည်။ မိန်းမနှင့်ကလေးများတွင် ဖြစ်သကဲ့သို့ယောကျ်ားများတွင်လည်း တွေ့ကြုံရသည်။

ဤရာဇဝတ်မှုများသည် ရှင်သန်ကျန်ရစ်သူများနှင့် သူတို့.အသိုင်းအ၀ိုင်းများအတွက်အကြီးအကျယ်အကျိုးသက်ရောက်မှုရှိသည်။ အဘယ့်ကြောင့် ဆိုသော် CRSV သည်လူမှုဆက်ဆံရေးများကို ညှိုးနွမ်းစေနိုင်သည်၊ လူတွေကိုရှောင်ရှားပြီး ပြန်လည်ကောင်းမွန်လာရန် ပံ့ပိုးပေးနိုင်သော မိသားစု၊ အိမ်နီးခြင်းနှင့်မိတ်ဆွေအပေါင်းအသင်းများထံမှ သီးခြားခွဲထွက်လာစေသည်။ မုဒိမ်းကျင့်ခံပြီးနောက် မွေးဖွားလာသည့်ကလေးများအတွက်လည်း မျိုးရိုးစဉ်ဆက်အကျိုးဆက်များရှိပြီး အဆက်မပြတ်ကဲ့ရဲ့ရှုတ်ချမှုနှင့် နောက်ထပ်အကြမ်းဖက်မှုများ ဖြစ်ပေါ်စေနိုင်သည်။

သတင်းသမားများနှင့်ရုပ်ရှင်ရိုက်ကူးသူအဖြစ်ကျွန်တော်တို့၏အခန်းကဏ္ဍ

သတင်းသမားများသည် ရှင်သန်ကျန်ရစ်သူများကို အဦးဆုံးတွေ့ဆုံမေးမြန်းလေ့ရှိကြပြီး၊ ပိုမိုကျယ်ပြန့်သောလူထုလုပ်ဆောင်မှုများကိုလိုအပ်သောကိစ္စ ရပ်များကိုအာရုံစိုက်ရာတွင် ကိုယ်ရေးကိုယ်တာအန္တရာယ်များကိုလည်း ကြုံတွေ့ရလေ့ရှိသည်။ ဤအလုပ်ကိုလုပ်နေသောမည်သည့်သတင်းသမား မဆို မိမိ၏သတင်းအရင်းအမြစ်ဖြစ်သူများကို ထိခိုက်နာကျင်စေခြင်းမရှိစေလိုသော်လည်း၊ ထိုသို့ဖြစ်နိုင်ခြေ အလားအလာသည်အမြဲတမ်းရှင်းလင်းစွာ ရှိနေသည်။ အကောင်းဆုံးရည်ရွယ်ချက်များနှင့်ပင်လျှင် တွေ့ဆုံမေးမြန်ခြင်းနှင့် သတင်းကြေငြာခြင်းအမှားများကြောင့် ရှင်သန်ကျန်ရစ်သူများအား တရားမဝင်၊ အမြတ်ထုတ်ခံရသည်ဟုခံစားစေခြင်း၊ မိသားစုများကိုအရှက်ရစေပြီး အချို့ကိစ္စများတွင် ကြမ်းတမ်းသောဂယက်ရိုက်မှုများ ပင်လျှင် ကြုံတွေ့ရစေပါသည်။

၂၀၁၈ တွင်ထုတ်လွှင့်ခဲ့သောသတင်းတပုဒ်တွင် ပုံမှန်ဖြစ်လေ့မရှိသောအရာတစ်ခုဖြစ်ပျက်ခဲ့ပါသည် – ပဋိပက္ခနယ်မြေတခုရှိ CRSV  ရှင်သန်ကျန်ရစ်သူများကို သတင်းဌာနမှ တွေ့ဆုံမေးမြန်းခြင်းခံရသောအခါတွင် မည်သို့ခံစားရပါသနည်းဟု မေးမြန်းခဲ့ပါသည်။ အဖြေများကို သတိကြီးစွာ ဖြေဆိုခဲ့ကြပါသည်။ ဖြေဆိုသူများထဲမှ ၈၅ ရာခိုင်နှုန်းသည် Dart Centreနှင့် ရှင်သန်ကျန်ရစ်သူများအား ကာကွယ်ရေးလုပ်ဆောင်နေသော UNအဖွဲ့အစည်း တစ်ခုမှထုတ်ပြန်ခဲ့သော သတင်းသမားများအတွက် အကောင်းဆုံး အလေ့အကျင့်လမ်းညွှန် ၂ ခုကိုဆန့်ကျင်၍ [a] မေးမြန်ခြင်းကိုခံခဲ့ရပါသည်။ ထုတ်ပြန်ချက်တွင်ပါဝင်သောအချက်များမှာ –

ပိုက်ဆံနှင့်ထောက်ပံ့မှုပေးမည်ဟုကတိပြုသည့် အတိအလင်းချိုးဖောက်မှု၊ မည်သူမည်ဝါဖြစ်ကြောင်းသဘောတူညီမှုမရဘဲ ထုတ်ဖော် ပြောဆိုခြင်း (သို့မဟုတ်) မုဒိမ်းကျင့်ခံရပုံနှင့် လိင်အကြမ်းဖက်ခံရပုံကို အသေးစိတ်ဖော်ပြရန်ဖိအားပေးခြင်း၊ အမျိုးသမီးများအားတိုက် ခိုက်ခြင်းခံရသောအကြောင်းများနှင့်ဆိုင်သော နက်ရှိုင်းသောကိုယ်ရေးကိုယ်တာနှင့် အတွင်းကျသောမေးခွန်းများကိုမေးခြင်း (သို့) သတင်းသမားက သူတို့သည် အမျိုးသမီးများ၏ဇာတ်လမ်းများကို ထုတ်ဝေခြင်းအားဖြင့် Yazidi အသိုင်းအဝိုင်းအား ကူညီပေးရန် တတ်နိုင်ကြောင်းအကြံပြုခြင်း။ [b]

ရန်လိုသောပတ်ဝန်းကျင်အတွက်လေ့ကျင့်ခြင်း။ သတင်းသမားများကို အန္တရာယ်များသောအခြေအနေများတွင် လုံခြုံစွာနေတတ်ရန်ပြင်ဆင် ပေးခြင်းစသည့်အရာများသည် ယခုလက်ရှိစံနှုန်းများဖြစ်သော်လည်း သတင်းသမားအများစုသည် စိတ်ဒဏ်ရာရှိသော ရှင်သန်ကျန်ရစ်သူများ နှင့်အတူအလုပ်လုပ်ရန်အတွက် သင့်တော်သောလေ့ကျင့်မှုနှင့် လမ်းညွှန်မှုမရှိကြသေးပါ။

ဒီတော့၊ ကောင်းမွန်တဲ့ကြိုတင်ပြင်ဆင်မှုဆိုသည်မှာအဘယ်နည်း?

သတင်းခရီးစဉ်တခုအတွက်၊ အထူးသဖြင့် အန္တရာယ်များသောနေရာသို့သွားရာတွင် အချိန်သည်အလွန်တန်ဖိုးရှိပါသည်။ ထို့ကြောင့်၊ လုပ်ရမည့်နေရာရှိ သောအခါတွင် ဤအရာများကိုကြိုတင်စဉ်းစားထားသင့်ပါသည်။ ကြိုတင်ပြင်ဆင်ခြင်းတွင် အဓိကပုံစံ ၂ မျိုးရှိပြီး ၂ မျိုးစလုံးအရေးကြီးပါသည်။

  1. ၁။ သတ်မှတ်ထားသောတာဝန်တခုအတွက်မထွက်ခွာခင်ပြုရမည့်အရာများမှာ ဒေသတွင်းသုတေသန၊ အန္တရာယ်အကဲဖြတ်ခြင်း၊ စသည့် အရာများဖြစ်ပါသည်။
  2. ၂။ ပိုမိုကျွမ်းကျင်လာစေရန် ရေရှည်တစိုက်မတ်မတ်လုပ်ပါ။ ပြဿနာများကိုနားလည်ရန် အာရုံစိုက်ခြင်းနှင့် မိမိသိသောအရာများကို လုပ်ဖော်ဆောင်ဖက်များနှင့် ပွင့်လင်းစွာ ဝေမျှခြင်းစသည့်အရာများသည် လေ့ကျင့်မှုမှဖြစ်ပေါ်လာပါသည်။

သီးသန့်တာဝန်အတွက်ပြင်ဆင်ခြင်း

သင်ကိုယ်တိုင်နှင့်သင့်အဖွဲ့၏လုံခြုံမှုအတွက် အန္တရာယ်အကဲဖြတ်သည့်အကျင့်သည်သင်၌ရှိနေပြီးသားဖြစ်ရမည်။ (အကယ်၍သင်၌မရှိပါကအောက်ပါ မှီငြမ်းရန်အချက်ကိုကြည့်ပါ။) တချိန်တည်းမှာပင်၊ CRSV အကြောင်းခြုံငုံပြောသောအခါတွင် သင်၏သတင်းထုတ်လွှင့်ခြင်း အစီအစဉ်သည်သင်နှင့်အတူ လုပ်ဆောင်နေသည့် သတင်းဇာစ်မြစ်ဖြစ်သူတိုင်း၏ ကာယပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာဘေးကင်းလုံခြုံမှုကို မည်သို့ထိခိုက်စေနိုင်ကြောင်းကိုလည်း သုံးသပ်ရန် လိုပါသည်။

မေးရန်မေးခွန်းများ –

  • သင့်ကိုယ်ပိုင်လုံခြုံမှုအတွက်သာမက သင်တွေ့ဆုံမေးမြန်းသူများ၏လုံခြုံမှုအတွက် ဆုံးဖြတ်ချက်ကောင်းများချနိုင်သည့်အထိ ဒေသတွင်း အာဏာအခြေအနေနှင့် မြေပြင်လုံခြုံမှုအခြေအနေများကို တိုးချဲ့လေ့လာဖူးပါသလား။ [See #2.]
  • ရှင်သန်ကျန်ရစ်သူများနှင့်တွေ့ဆုံမေးမြန်ခြင်းကို မည်သူကပံ့ပိုးဆောင်ရွက်ပေးမည်နည်း။ ပွဲစားတယောက်ဖြစ်မည်လား (သို့) NGO တခု ဖြစ်မည်လား (သို့) ဒေသခံနိုင်ငံရေးသမားတယောက်ဖြစ်မည်လား။ မထင်မှတ်ထားဘဲ အလိုအလျောက်ဖြစ်နိုင်သောအန္တရာယ်တစုံတခု ရှိနိုင်ပါသလား။ [See #2 and #3.]
  • CRSV အပေါ်ရှိသောဒေသခံစိတ်နေသဘောထား၊ လိင်အခြေပြုခွဲခြားဆက်ဆံမှု၊ မိသားစုများအတွင်းအာဏာမျှတမှုမရှိခြင်းစသည့် အချက် များအပါအဝင်၊ ပါဝင်ကူညီပေးသူတယောက်အနေဖြင့် မည်မျှအန္တရာယ်ရှိကြောင်း နားလည်သည်အထိ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ အချက်အလက်များကို သင်လုံလောက်စွာနားလည်ပါသလား။ [See #2.]
  • ထိုဒေသရှိ ဒေသန္တရဥပဒေများကိုသော်လည်းကောင်း၊ သတင်းဇာစ်မြစ်ဖြစ်သူများအတွက် မလုံခြုံစေမည့်သွယ်၀ိုက်သောထုတ်ဖော် ချက်များနှင့် ၎င်းတို့၏ရသင့်ရထိုက်သော တရားခွင်နစ်နာကြေးကိုရယူနိုင်စွမ်းများကိုလည်းကောင်း သင်သတိပြုမိပါသလား။ (အချို့တရား စီရင်ပိုင်ခွင့်များတွင်မုဒိမ်းမှု၏သားကောင်ဖြစ်နေခြင်းကပင်လျင် သူမယားပြစ်မှားခြင်းဥပဒေနှင့် တရားစွဲပိုင်ခွင့်ရှိပါသည်။)
  • သင်၏စိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်မှုသည် မည်ကဲ့သို့နည်း။ အခုအချိန်မှာသင်ကိုယ်တိုင်ဤအလုပ်ကို ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်ရန် သင့်တော်သောနေရာတွင်ရှိနေပါသလား။ [See #6.]

ပုံမှန်လုပ်ဆောင်ရမည့်အရာအတွက်အသင့်ဖြစ်နေခြင်း

အချို့သောပြင်ဆင်မှုအမျိုးအစားများသည် အချိန်ပိုပေး၍လုပ်ဆောင်ရန်လိုအပ်ပြီး တာဝန်တခုကိုမသတ်မှတ်ပေးခင်အထိကောင်းစွာနေရာချထားရန်လိုအပ် ပါသည်။ တနည်းအားဖြင့်၊ သင်သည်သက်ဆိုင်ရာလေ့ကျင့်မှုတွင်ပါဝင်ရပါလိမ့်မည်။ သို့မဟုတ်ပါက၊ ကိုယ်တိုင်လေ့လာသင်ယူခြင်းအားဖြင့်၊ သိနားလည် သောလုပ်ဖော်ဆောင်ဖက်များထံမှ ထိရောက်သောညွှန်ကြားမှုများကိုရယူခြင်းစသည့် နည်းလမ်းများဖြင့် အကျိုးရှိစွာပြင်ဆင်နိုင်မည်ဖြစ်ပါသည်။

သင့်ကိုယ်သင်မေးပါ –

  • သတင်းဇာစ်မြစ်များ၏အမည်မဖော်ပြလိုခြင်းနှင့် မပြီးပျက်သေးသောအရာများကိုလုံခြုံစွာကာကွယ်ရန် သင်၌ထိရောက်သော ဒစ်ဂျစ်တယ် လုံခြုံရေးစီမံချက်ရှိပါသလား။ [See resource box #2.]
  • စိတ်ဒဏ်ရာခံစားရသောသူများနှင့် လိင်အကြမ်းဖက်မှုခံရသောသူများကို တွေ့ဆုံမေးခြင်းဆိုင်ရာနည်းဗျူဟာများကို သင်လေ့လာပြီးပြီလား။ အောက်ပါအချက်များသည် သင်သိသင့်သည့် တိကျသောသုံးသပ်ချက်များဖြစ်ပါသည်။ [See #4 and #5.]
  • အဓိပ္ပာယ်ရှိသော သဘောတူညီမှုကို သင်နားလည်ပြီး မည်သို့ချဉ်းကပ်ရမည်ကို စဉ်းစားဖူးပါသလား။ [See #3.]
  • သင်သည် ဓါတ်ပုံ (သို့) ဗီဒီယိုရိုက်မည်ဆိုပါက မထင်မရှားသိုသိပ်ပေးခြင်းကို မည်သို့ကိုင်တွယ်ပြီး ရှင်သန်ကျန်ရစ်သူများကို မည်ကဲ့သို့စိတ်ချ စေမည်နည်း။ [See #8.]

အယ်ဒီတာများအတွက် စဉ်းစားစရာ အချက်များ

ဤလမ်းညွှန်ချက်များအတွက် ဆွေးနွေးတိုင်ပင်မှုလုပ်ငန်းစဉ်အတွက် ကျွန်ုပ်တို့နှင့်စကားပြောခဲ့သော CRSV သက်ရောက်မှုရှိသောနိုင်ငံများ အတွင်းနှင့် ထိုနိုင်ငံများပြင်ပတွင်နေထိုင်နေကြသော အယ်ဒီတာနှင့်သတင်းထောက်ကဲ့သို့သူများသည် သတင်းဇာစ်မြစ်ဖြစ်သူများကို လုံခြုံစေခြင်း၌ အယ်ဒီတာများ၊ ရုပ်ရှင်ကော်မရှင်နာများ၏ အခန်းကဏ္ဍကိုပေါ်လွင်စေခဲ့ပါသည်။ ကွင်းဆင်းသတင်းထောက်များသည် လက်တွေ့ကျကျ အလုပ်လုပ်ကြပြီး၊ သတင်းစာဖြန့်ချီရေးဌာနများနှင့် အသံလွှင့်ဌာနများအတွက်အလွန်ပင်တန်ဖိုးရှိလှပါသည်။

မည်သို့ပင်ဖြစ်လင့်ကစား၊ စားပွဲနှင့် မြေပြင်ကြားရှိအဆက်အသွယ်ပြတ်ခြင်းသည် ကြီးမားသော ပြဿနာဖြစ်နိုင်သည်။ အကောင်းဆုံးဖြစ်နိုင်ခြေ ကတော့၊ သတင်းခန်း၏အဖြစ်အပျက်များနှင့်ကွာဝေးနေခြင်းသည် သတင်းတပုဒ်ပေါ် ပို၍စာနာထောက်ထားမှု မရှိသော အဆုံးအဖြတ်ကိုဖြစ်စေ နိုင်ပါသည်။ သို့သော် ၎င်းသည်အဖြစ်အပျက်၏ အဆက်အစပ်နှင့် ရှင်သန်ကျန်ရစ်သူများကို ထိခိုက်နာကျင်စေနိုင်ချေရှိကြောင်း နှင့် အခြေအနေ တစ်စုံလုံးအပေါ် နားလည်မှုနည်းပါးစေသည်ဟုလည်း အဓိပ္ပာယ်ထွက်ပါသည်။ တခါတရံတွင် ကွင်းဆင်းသတင်းထောက်တစ်ယောက်သည် ဇာတ်လမ်းကိုဖြစ်နိုင်တဲ့နည်းနဲ့ရယူနိုင်ရန် ဖိအားပေးခံရပါသည်။

အလားတူစွာ၊ အယ်ဒီတာများသည် လုပ်ငန်းခွင်ထဲတွင် မည်သည့်အရာများဖြစ်ပျက်နေသည်ကို အပြည့်အ၀မမြင်နိုင်ကြပါ။ သတင်းထောက်များနှင့် ရုပ်ရှင်ရိုက်ကူးသူများသည် များသောအားဖြင့်ကြီးစွာသော ဖိအားပေးမှုအောက်တွင်လုပ်ဆောင်နေကြပြီး၊ မိမိအတွက်အန္တရာယ်များသောနေရာ များသို့ ဝေးလံစွာခရီးသွားခဲ့ကြသည်။ အလွတ်တန်း သတင်းသမား တစ်ဦးသည် ပဋိပက္ခနယ်မြေသို့ရောက်ရန် မိမိတို့၏ကိုယ်ပိုင်ငွေကိုပင် အသုံးပြု ကောင်းပြု ခဲ့ရနိုင်မည်။ ဤအခြေအနေများအောက်တွင်၊ ဖြတ်လမ်းများ သုံးကောင်းသုံးလာနိုင်သည် – တွေ့ဆုံမေးမြန်ခြင်းများတွင် လိုတာ ထပ်ပို၍ မေး ခွန်းများကိုညှစ်ထုတ်မေးလာနိုင်သည်။ သင့်တင့်သောသဘောတူညီမှုများကိုလည်း မရယူလောက်တော့ပေ (သို့) ရှင်သန်ကျန် ရစ်သူများ၏ အမည်မဖော်လိုခြင်းကို ကာကွယ်ပေးရန်လုံလောက်သောအဆင့်များကိုလည်း မလုပ်ဆောင်တော့လောက်ပေ။

ပိုကောင်းသောဆက်သွယ်မှုက ဤအန္တရာယ်များစွာကိုတားဆီးပေးနိုင်ပါသည်။ သတင်းထောက်များသည် သူတို့၏တည်းဖြတ်သူများနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာစိုးရိမ်ပူပန်မှုများကိုမျှဝေနိုင်သည်ဟု ခံစားရန်လိုအပ်ပြီး၊ ဇာတ်လမ်းတပုဒ်ရရန် ထုတ်လုပ်ဖြန့်ချီမှုဌာနတခု၏ ရည်ရွယ်ချက်ထက် အားနည်းသော ရှင်သန်ကျန်ရစ်သူများ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုဦးစားပေးခဲ့ခြင်းအတွက် အပြစ်ပေးခံရမည် မဟုတ်ပေ။

ကျွန်ုပ်တို့သည် ဤကိစ္စရပ်များကို ဤလမ်းညွှန်တစ်လျှောက်လုံးတွင်ပို၍နက်ရှိုင်းစွာစူးစမ်းလေ့လာကြမည်ဖြစ်ပါသည်။ သို့သော် ဤသည်မှာ CRSV နှင့်ပတ်သတ်သည့်သတင်းတပုဒ်အတွက် သတင်းထောက်များအားတာဝန်ပေးမည့် အယ်ဒီတာများ လုပ်ဆောင်ရန် စာရင်းတိုဖြစ်သည်။

  • အားနည်းသော ရှင်သန်ကျန်ရစ်သူများနှင့်အတူလုပ်ဆောင်ရာတွင် သတင်းထောက်များလိုက်နာရမည့် အခြေခံစည်းမျဉ်းများကို ဆွေးနွေးပြီးပါပြီလား။
  • သတင်းဇာစ်မြစ်များ၏မည်သူမည်ဝါဖြစ်ကြောင်းနှင့် ဂုဏ်သိက္ခာကိုကာကွယ်ရန်လိုအပ်မည့် ရုပ်ပုံရွေးချယ်မှုများအတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်ထားပါသလား။ လတ်တလောတွင်ဆုံးဖြတ်ရန်အတွက်မလွယ်ကူပါ။
  • ဤအရာသည် ဤသတင်းထောက်အတွက်သင့်တော်သောတာဝန်ဖြစ်ပါသလား။ ဆက်တိုက်များပြားလွန်းသော စိတ်ထိ ခိုက်စရာတာဝန်များကိုလုပ်ဆောင်ရခြင်းကြောင့် ဝန်ပိနိုင်ခြေရှိပါသလား။
  • သတင်းထောက်သည် ကျင့်ဝတ်ပိုင်းဆိုင်ရာပြဿနာများကို သင်နှင့်တိုင်ပင်ဆွေးနွေးနိုင်ကြောင်းကို သိပါသလား။
  • သတင်းထောက်သည် ဤအရင်းအမြစ်ကဲ့သို့သောအရာအကြောင်းကို ဆွေးနွေးတိုင်ပင်ခဲ့ဖူးပါသလား။
  • နောက်ဆုံးအနေဖြင့်၊ စိတ်ဒဏ်ရာရှိသောရှင်သန်ကျန်ရစ်သူများအား တွေ့ဆုံမေးမြန်ခြင်းနှင့်ဆိုင်သော သင့်လျော်သော လေ့ကျင့်မှုကိုပေးရန်စဉ်းစားထားပါသလား။ ဝမ်းနည်းစရာမှာ ဤအရာသည် ရန်လိုသောပတ်ဝန်းကျင်အတွက်လေ့ကျင့်မှု တွင်ပါဝင်လေ့ရှိသောအရာမဟုတ်ပါ။ စိတ်ဒဏ်ရာနှင့်ဆက်နွယ်သောတာဝန်များကိုလုပ်ဆောင်နေသော သတင်းထောက် များကို ထောက်ပံ့ရန်နှင့်ကာကွယ်ရန် သင့်အဖွဲ့အစည်းကမည်သည့်အရာများကိုလုပ်နိုင်ကြောင်းကို Dart Centre Asia Pacific မှဤလမ်းညွှန်တွင်ပိုမိုသိရှိနိုင်ပါသည်။

အခန်း နှင့် တွင် ပုံနှိပ်ထုတ်ဝေခြင်းနှင့်ရုပ်သံထုတ်လွှင့်ခြင်းနှင့်ဆိုင်သောအရာများကိုအသေးစိတ်ဖော်ပြဆွေးနွေးထားပါသည်။

နောက်ထပ်အရင်းအမြစ်များ - ခြုံငုံသုံးသပ်ချက်

ပထမဦးစွာ၊ လူတိုင်းအား Murad Code မူကြမ်းကိုဖတ်ရှုရန်အားပေးပါသည်။ ဤအရာသည် သတင်းထောက်ဖြစ်စေ၊ ရှေ့နေ ဖြစ်စေ၊ မှုခင်းထောက်လှမ်းရေးဖြစ်စေ၊ မူဝါဒရေးဆွဲသူဖြစ်စေ၊ ​NGOထောက်ခံသူဖြစ်စေ၊ CRSV ရှင်သန်ကျန်ရစ်သူများနှင့် တိုက်ရိုက်ထိတွေ့ဆက်သွယ်သူမည်သူအတွက်မဆိုအနိမ့်ဆုံးအဆင့်တွင် အကောင်းဆုံး-လေ့ကျင့်နိုင်သော အခြေခံအချက်များ ကိုခွဲခြမ်းစိပ်ဖြာပေးသည့်ပဏာမခြေလှမ်းဖြစ်သည်။ ၎င်းသည်ရှင်သန်ကျန်ရစ်သူအဖွဲ့များအပြင်၊ ကျွမ်းကျင်သူအဖွဲ့အစည်း များနှင့်နက်ရှိုင်းစွာဆွေးနွေးတိုင်ပင်ခြင်း၏ရလဒ်ဖြစ်သည်။

Dart Centre ၏ ဝက်ဆိုက်တွင် လိင်အကြမ်းဖက်မှုကို စုဆောင်းရေးသားခြင်းအတွက် ရည်ရွယ်ထားသော အခန်းရှိသည်။ ယင်းတွင် Dart Centre Europe ၏ အကျဉ်းချုံးထားသော အကြံပြုချက် စာမျက်နှာကိုလည်း တွေ့နိုင်သည်။

ဘေးအန္တရာယ် ဖြစ်နိုင်ချေနှင့် အစီအစဉ်ရေးဆွဲခြင်းကို အပိုင်း တွင် ထည့်သွင်းထားသည်။

အောက်ခြေမှတ်စုများ