#4.
ပိုမိုဘေးကင်းသော မေးမြန်းမှုအတွက် မရှိမဖြစ်လိုအပ်သော အလေ့အထ သုံးခု

ရှင်သန်ကျန်ရစ်သူများအား သူတို့ ကိုယ်ပိုင်နည်းလမ်းဖြင့် သူတို့ကိုယ်ပိုင် အချိန်တွင်စကားပြောခွင့်ပေးပါ။

လိင်အကြမ်းဖက်မှုခံနေရချိန်တွင်လူများသည် မိမိတွင်ဖြစ်လာမည့်အရာများကိုထိန်းချုပ်သူမဟုတ်ဘဲ၊ အကြမ်းဖက်သူများ၏အရာ၀တ္ထု များအဖြစ်ဆက်ဆံခံရသည်။ တွေ့ဆုံမေးမြန်း ခံသူများအားသူတို့ပြောလိုသလိုပြောစေရန် ထိုလှုပ်ရှားမှုကို ပြောင်းပြန်လှန်နိုင်မည်လား။

အားနည်းသောသူများကိုစာနာမှုနှင့်ဆက်ဆံရာ၌ လေးစားမှုနှင့်ဂုဏ်သိက္ခာကိုသိသာထင်ရှားစွာလိုအပ်သည်။ သို့သော် လက်တွေ့ကျသောအသုံးအနှုန်းများတွင် အဘယ် အရာပါဝင်သနည်း။

ရှင်သန်ကျန်ရစ်သူတဦးအား တွေ့ဆုံမေးမြန်းသည့်သတင်းထောက်တဦးအနေဖြင့် သင်သည်လုပ်ပိုင်ခွင့်ရှိသည်ဟုမခံစားရသော်လည်းထိုအနေအထားတွင်ရှိနေပါသည်။ ယုံကြည်မှုနှင့်စိတ်ပိုင်းဆိုင်ရာလုံခြုံမှုသည်အရေးကြီးသောကိစ္စများဖြစ်လာလိမ့်မည်။ အပူတပြင်းလုပ်ဆောင်စေခြင်း (သို့) တုန့်ပြန်ရန်ဖိအားပေးခြင်းစသည့် မူလ မတရားပြုမှုများကိုပဲ့တင်စေမည့်အရာများကိုမပြုမိရန်အရေးကြီးပါသည်။ အန္တရာယ်ရှိသောနေရာတွင် သတ်မှတ်ထားသောအချိန်နှင့်ယှဉ်၍လုပ်ဆောင်ရသောအချိန် တွင်ဤအရာကိုလွယ်ကူစွာမျက်ခြေပြတ်သွားနိုင်သည်။

စကား၀ိုင်းအတွက်လုံလောက်သောအချိန်ကိုဦးစားပေးစီစဉ်ပြီး သင့်တွေ့ဆုံမေးမြန်းခံသူအား ဤအရာကိုသေချာနားလည်စေပါ -

  • အဖြေရခက်သောမေးခွန်းတိုင်းကို ဖြေစရာမလိုပါ။
  • အချိန်မရွေးရပ်လိုက်လို့ရပါသည်။
  • သူတို့မထုတ်ဝေခိုင်းသော မည်သည့်အသေးစိတ်အချက်များကိုမဆို သင်ထုတ်ဝေမည်မဟုတ်ပါ။

သင်၏တွေ့ဆုံမေးမြန်းခံသူအား ဇာတ်လမ်းတပုဒ်အတွက်သတင်းဇာစ်မြစ်အဖြစ်မကြည့်ဘဲ၊ လူတဦးအနေဖြင့်ဦးစွာကြည့်မြင်ပါ။

အကယ်၍ သတင်းတွေ့ဆုံမေးမြန်းခြင်းများကို အမြတ်ထုတ်သည့်ပုံစံ (သို့) လုံခြုံမှုမရှိစွာလုပ်ဆောင်ပါက ရှင်သန်ကျန်ရစ်သူများကိုနာကျင်စေမှာဖြစ်ပါသည်။ ဤအပိုင်းတွင် စိတ်ဒဏ်ရာနှင့်သင့်တော်သော တွေ့ဆုံမေးမြန်းခြင်းကိုဆွေးနွေးထားပြီး၊ နောက်တပိုင်းတွင် သက်မှတ်ထားသော စိတ်ဒဏ်ရာတုန့်ပြန်မှုများနှင့် ရှင်သန်ကျန်ရစ်သူများနှင့်လက်တွဲဆောင်ရွက်ရာတွင်ကြုံတွေ့နိုင်သည့်စိတ်ခေါ်မှုများကိုတွေ့ရသည်။

လိင်အကြမ်းဖက်မှု (သို့) ညှဉ်းပန်နှိပ်စက်မှုကဲ့သို့သောနာကျင်စရာအတွေ့အကြုံများအကြောင်းပြောဆိုရုံမျှဖြင့် တွေ့ဆုံမေးမြန်းခံသူတဦးအားနာကျင်စေမည် ကို သတင်းထောက်များကမကြာခဏစိုးရိမ်ပူပန်ကြသည်။ နောက်တဖန်မပြောဘဲထားသင့်သောအရာများကို နောက်တဖန်ပြန်ပြောမိမည်ကိုစိုးရိမ်ကြပါလိမ့် မည်။ သို့မဟုတ် မိမိ၏ဇာတ်လမ်းကိုပြောခြင်းမှရသော နာကျင်ခြင်းကို တဖန်ထိခိုက်စေခြင်းအားဖြင့်ထပ်တူနာကျင်စေမိမည်ကို စိုးရိမ်ကြသည်။

လိင်ပိုင်းမတော်မတရားပြုကျင့်ခံရခြင်းမှ ရှင်သန်ကျန်ရစ်သူများနှင့်လက်တွဲလုပ်ဆောင်သော စိတ်ဒဏ်ရာပညာရှင်အများစုကသိသာထင်ရှားသောအန္တရာယ် သည် စကားပြောခြင်း၌သာတည်သည်ဟုမထင်ပါ။ ၎င်းသည် တွေ့ဆုံမေးမြန်းခံသူသည် စကား၀ိုင်းတွင်း၌မည်မျှလုံခြုံသနည်းဟူသောခံစားချက်၊ သူတို့ပြောခဲ့ သောအရာအပေါ် မည်မျှထိန်းချုပ်နိုင်ကြောင်းနှင့် သူတို့၏ဇာတ်လမ်းကို မည်သို့ထုတ်လွှင့်ကြောင်းများနှင့်ဆိုင် ပါသည်။ လူတွေသည် ဝေဖန်ခံရကြောင်း ခံစားရသောအခါ (သို့) လျစ်လျူရှုခြင်းခံရကြောင်းခံစားရသောအခါ (သို့) လျို့ဝှက်ချက်တခုအတွက် အသုံးပြုခြင်းခံရကြောင်း ခံစားရသောအခါ နာကျင်ခြင်းများဖြစ် ပေါ်လာသည်။ စိတ်ဒဏ်ရာဆိုင်ရာတွေ့ဆုံမေးမြန်းခြင်း၌ယုံကြည်မှုသည် နူးညံ့သိမ်မွေ့သောအရာဖြစ်ပြီး ပျက်စီးရန်လွယ်ကူသည်။

စကားသာပြောခြင်းဖြင့်အကျိုးသက်ရောက်မှုမရှိဟုသိထားခြင်းတွင်ခြွင်းချက်များရှိသည်။ ဥပမာ၊ တစုံတယောက်သည် အတိတ်တွင် ကလေးလိင်ပိုင်းမတော် မတရားပြုမှုကဲ့သို့သော ပြင်းထန်သောစိတ်ဒဏ်ရာဖြစ်စေခြင်းကိုကြုံခဲ့ရပြီး စစ်ဆေးခြင်းမခံရဘဲဖုံးအပ်ထားခဲ့သည့်အခါ ထိုအကြောင်းကိုပြောခြင်းဖြင့်သာ မတည်ငြိမ်မှုများကိုဖြစ်စေပြီးကွဲပြားသောအန္တရာယ်များကို သယ်ဆောင်လာနိုင်သည်။ ယေဘုယအားဖြင့်၊ မမျှော်မှန်းထားသောအချက်အလက်များဖြင့် လူများအား မအံ့ဩစေမိရန်သတိပြုပါ။

လုပ်ငန်းစဉ်ကိုပိုမိုပူးပေါင်းဆောင်ရွက်စရာကောင်းပြီး နှိုက်ထုတ်မှုနည်းရန်မည်ကဲ့သို့ပြုရမည်နည်း။

လူတွေကလိင်ပိုင်းဆိုင်ရာစိတ်ဒဏ်ရာကို သူတို့မတားဆီးနိုင်စွမ်းမရှိလောက်အောင်ဖြစ်ပျက်ခဲ့သည့်အရာတစုံတခုကြောင့် အဓိကထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးမှုအဖြစ်ခံစားကြရသည်။ ယင်းကိုတားဆီးနိုင်သည့်နည်းလမ်းတခုမှာ သတင်းထောက်တယောက်အနေဖြင့် ပုံမှန်ထိန်းချုပ်နေသောအရာတချို့ အားစွန့်လွတ်ခြင်းနှင့် လုပ်ငန်းစဉ်အကြောင်း ဆွေးနွေးခြင်းတွင်သင်၏တွေ့ဆုံမေးမြန်းခံသူကိုပါဝင်စေခြင်းဖြစ်သည်။ သေးငယ်သောရွေးချယ်မှုပင် လျင် ကြီးမားသောကွာခြားချက်ကိုဖြစ်စေနိုင်ပါသည်။

စကား၀ိုင်းတခုတွင်အသေးစိတ်အချက်အလက်များကိုမပြောခင် သင်လုပ်သင့်သည်မှာ –

  • စကားပြောရန်ခက်ခဲလိမ့်မည်ဟု သိနားလည်ထားရမည်။
  • မည့်သည့်နေရာတွင် သူတို့တွေ့ဆုံမေးမြန်းခံမည်ဆိုသည့်အကြောင်းကိုဆွေးနွေးရာတွင် သူတို့ကိုအပြည့်အ၀ပါဝင်စေပါ။
  • မည်သည့်အချိန်သည်သူတို့အတွက်အသင့်တော်ဆုံးဖြစ်လိမ့်မည်နည်း၊ ဘယ်အချိန်မှာစကား၀ိုင်းအတွက် ခွန်အားအရှိဆုံးဖြစ်လိမ့်မည်နည်း၊ မည်မျှ ကြာကြာစကားပြောချင်သနည်းစသည့်များကိုမေးပါ။
  • အခန်းတွင်း၌ အသိမိတ်ဆွေ (သို့) ဆွေမျိုး စသည့်တယောက်ယောက်ကိုသူတို့နှင့်အတူရှိစေချင်သလားဟုမေးပါ။
  • သူတို့မပြောချင်သောအရာတခုခုရှိမည်လားဟုမေးပါ။
  • သူတို့အား အနေရခက်စေသောမည်သည့်အရာကိုမဆို ဖြေဆိုစရာမလိုကြောင်းသေချာစေပါ။

စကား၀ိုင်းမစခင်လူများကိုမေးမြန်းခြင်းကကောင်းသောအလေ့အကျင့်တခုဖြစ်ပြီး တွေ့ဆုံမေးမြန်းသူတယောက်အနေဖြင့်သူတို့ မည်သည့်အချိန်တွင် အနားယူရန်လိုအပ်လိမ့်မည်ဖြစ်ကြောင်းသိမြင်လိမ့်မည်။ လူများသည် သူတို့ဇာတ်လမ်းပြောပြခြင်း၏ ထူထပ်မှုထဲတွင်လမ်းပျောက်သွားနိုင်သည်။ ဒါ့အပြင်၊ ကျွန်ုပ်တို့အများစုသည် မေးခွန်းမေးသောသူကိုနှစ်သက်စေရန် မသိစိတ်၏အလိုဆန္ဒပြင်းပြသည်။ ပင်ပန်းသောအခါ (သို့) စကား၀ိုင်းသည် နေရခက် ပြီး အလွန်များလာသောအခါ အချက်ပြခြင်း၌သိပ်ကောင်းမည်မဟုတ်ပေ။ အနားယူရန်အကြံပြုခြင်း (သို့) ပို၍လုံခြုံသောခေါင်းစဉ်သို့သဘာ၀ကျကျ နှင့်အနှောင့်အယှက်နဲစွာလမ်းကြောင်းပြောင်းခြင်းစတဲ့ သက်မှတ်ထားသောအချက်ပြခြင်းကိုတွေ့ဆုံမေးမြန်းခြင်းမစခင်သဘောတူညီမှုရယူခြင်း ရှိကောင်းသည်။

အသုံးပြုမည့်စကားလုံးများကို သဘောတူခြင်း

ထုတ်လုပ်ဖြန့်ချီရေးတွင် ဘာသာစကားရွေးချယ်ခြင်းအကြောင်းကို အခန်း #7 တွင်ပိုမို ပြောထားသည်။ တွေ့ဆုံမေးမြန်ခြင်းထဲ၌ပင် သင်၏ တွေ့ဆုံမေးမြန်းခံသူအား သက်တောင့်သက်သာဖြစ်စေမည့်စကားလုံးများကိုသုံးရန်ဂရုစိုက်ပါ။ ဒေသအသုံးအနှုန်းများသည်ဤနေရာတွင် အသုံးဝင်နိုင်ကောင်းသလို၊ အသုံးမဝင်နိုင် ကောင်းပါ။ ရှင်းလင်းသောဥပဒေသများရှိပါသည်။ ဥပမာ၊ အပြစ်ကျူးလွန်သူကို တစုံတယောက်၏ချစ်သူအဖြစ် ထုတ်ဖော်ပြောဆိုရန်မသင့်တော်ပါ။

လိင်အကြမ်းဖက်ခံရသူအများစုသည် မိမိကိုယ်ကို “ရှင်သန်ကျန်ရစ်သူ” သတ်မှတ်သော်လည်း “နစ်နာသူ” ဆိုတဲ့စကားလုံးက တချို့အတွက်ပိုတိကျပြီး အခြားသူများကနှစ်ခုလုံးကိုရှောင်ရှားလိုလိမ့်မည်။ အကယ်၍မည်သည့်စကားလုံးကိုအသုံးပြုရန် သံသယတစုံတခုရှိပါက သင်၏တွေ့ဆုံမေးမြန်းသူနှင့် တိုင်ပင်ပြီး မည်သည့်စကားလုံးကိုပိုနှစ်သက်ကြောင်းမေးပါ။ ယေဘုယအားဖြင့် လူများမိမိကိုယ်ကိုဖော်ပြခြင်းကိုလေးစားပေးခြင်းကအမြဲတမ်း အရေးကြီးပါသည်။

နားထောင်ခြင်း၏အစွမ်း

သူတို့ကိုကြားတယ်လို့လူတွေယုံကြည်သောအခါတွင် သူတို့လုံခြုံမှုရှိကြောင်းပိုခံစားရပြီးသူတို့၏အတွေးများကိုပို၍ထိရောက်စွာစုစည်းနိုင်သည်။ စိတ်ဒဏ် ရာရှိသောရှင်သန်ကျန်ရစ်သူအားတွေ့ဆုံမေးမြန်းရာ၌ သတင်းထောက်တယောက်ယူလာရန်လိုအပ်သော တခုတည်းသောအရေးကြီးဆုံးကျွမ်းကျင်မှုမှာ ကောင်းစွာနားထောင်ရန်သိခြင်းဖြစ်သည်။ ၎င်းတွင် နေရာပေးခြင်းနှင့်သက်ဆိုင်ပွင့်လင်းပြီးရိုးရှင်းသောမေးခွန်းများကိုမေးခြင်းပါဝင်သည်။ ၎င်းသည်လူများ အားမည်သို့ပြန်ကြားမည်အကြောင်းရွေးချယ်ရန်အခွင့်ပေးခြင်းဖြစ်သော်လည်း ရွေးချယ်ချက်အလွန်များခြင်းကဒုက္ခပေးနိုင်ပါသည်။

အခန်း #2 တွင်ဆွေးနွေးခဲ့သည့်အတိုင်း သဘောတူညီမှုကိုစစ်ဆေးခြင်းသည် တစ်ကြိမ်တည်းပြုရမည့်အရာမဟုတ်ဘဲ ရှေ့ဆက်လုပ်ရမည့်အရာ ဖြစ်ကြောင်း မှတ်သားထားပါ။ “ဤခေါင်းစဉ်အကြောင်းမေးရန်အဆင်ပြေသလား” ဟုနိဒါန်းပျိုး၍မေးသင့်ပြီး လွတ်လပ်စွာဖြေဆိုရန်အခွင့်ပေးပါ။

အခြားနေရာများနှင့် DRCတွင် CRSV အသက်ရှင်ကျန်ရစ်သူများနှင့်အတူလုပ်ဆောင်သော Katy Robjant သည်သတင်းထောက်များကိုဤကဲ့သို့တိကျသော အကြံပြုချက်ကိုပေးပါသည် –

ယေဘုယအဖြစ်အပျက်များကြောင်းအဖွင့်မေးခွန်းများကိုမေးနေခြင်းထက် တစုံတခုအကြောင်းကို သက်သက်မှတ်မှတ်ပြောရန်မျှော်လင့် ကြောင်း သင်နှင့်တွေ့ဆုံမေးမြန်းမည့်သူနှင့်အစပြုပြီး၊ ထိုအဖြစ်အပျက် (သို့) ခေါင်းစဉ်အကြောင်းကိုပြောနိုင်သမျှပြောရန်တောင်းဆိုပါ။ သူတို့ သည်သင့်ကိုပြောပြရန်အဆင်ပြေသောအရာများ၏အချက်အလက်များကိုပေးပြီးသည့်အခါအဓိကအချက်များကိုဆွဲထုတ်ယူနိုင်ရန်ကတော့ သင့်အလုပ်ပင်ဖြစ်ပါသည်။ ဤအရာသည် သင့်တွေ့ဆုံမေးမြန်းခြင်းကိုခံသူသည်သင့်ကိုမဝေမျှလိုသော (သို့) မစဉ်းစားလိုသော အသေးစိတ် အချက်အလက်များကိုပြောရန်အတင်းအကျပ်ပြောခြင်းကိုရှောင်ရန်နည်းလမ်းတခုဖြစ်သည်။ [a]

ထိရောက်သောနားထောင်ခြင်းအတွက်ညွှန်ပြချက်များမှာ –

  • အတွေးများကိုစုဆောင်းရန်အတွက် တိတ်ဆိတ်ခြင်းနှင့်လွတ်လပ်စေခြင်းကိုအခွင့်ပေးပါ။
  • အပြောကိုသုံးခြင်း (သို့) အသံသွင်းနေသောအချိန်တွင် အမူအရာကိုသုံးခြင်းအားဖြင့်သူတို့နှင့်အတူရှိနေသေးကြောင်းကိုပြပါ။
  • အဓိကအချက်ကိုသေချာစွာနားလည်ရန်တဖန်ပြန်စစ်ဆေးခြင်းရှိရမည်။
  • မသက်မသာဖြစ်ခြင်းတွင်မည်ကဲ့သို့ထိုင်ရမည်ကိုသိပြီး သင့်တွေ့ဆုံမေးမြန်းခံသူထံမှအာရုံလွဲသွားစေရန်အခွင့်မပေးပါနှင့်။

ကြိုးစား၍ရှောင်ပါ –

  • လူများ၏ဝါကျများကိုသူတို့အတွက်အဆုံးသတ်ပေးခြင်း (သို့) အတွေးပြတ်သွားရန်ဖြတ်တောက်လိုက်ခြင်း (အတွေးကမ္ဘာထဲ လမ်းပျောက်မသွားဘူးဆိုရင် – အခန်း #5 ကိုကြည့်ပါ။)
  • ဝေဖန်သောမျက်နှာထားပေးခြင်း – ဥပမာ၊ ထိတ်လန့်စရာကောင်းသောအရာတခုကိုပြောသောအခါ ထိတ်လန့်သွားသောမျက်နှာ ထားပြုခြင်း (စိုးရိမ်ကြောင်း (သို့) ဝမ်းနည်းကြောင်းကိုပြနိုင်ပါသည်။)
  • ရုပ်ပုံ (သို့) ရုပ်ပိုင်းဆိုင်ရာအသေးစိတ်အချက်အလက်များကိုစစ်ဆေးခြင်း။
  • သူတို့မည်သို့ခံစားနေရကြောင်းကိုယ်ချင်းစာကြောင်းပြောခြင်း (လူများကသင့်ကိုယုံလိမ့်မည်မဟုတ်ပါ)

သင်လည်းသူတို့ကဲ့သို့အလားတူအဖြစ်ကိုကြုံခဲ့ရကြောင်း (သို့) ကိုယ်ရေးအတ္ထုပ္ပတ္တိအသေးစိတ်ကိုပြောရာ၌လည်းသတိထားရမည်။ အချို့အခြေအနေ များတွင် ဤအရာသည်ယုံကြည်မှုကိုတည်ဆောက်ပြီး စကားဝိုင်းကိုတိုးတက်စေနိုင်သော်လည်း တခြားအခြေအနေများတွင် ၎င်းသည် တွေ့ဆုံမေးမြန်း ခံသူထံမှအာရုံလွဲသွားစေနိုင်ပြီး သင်သည်သူတို့၏အတွေ့အကြုံများကို သေးငယ်စေသည် (သို့) ဘေးဖယ်ထားသည်ဟုခံစားစေသည်။ (အခန်း #6 တွင် ကျန်းမာသောနယ်နိမိတ်များကိုရယူရန်လိုအပ်ခြင်းအကြောင်းကိုဆွေးနွေးထားပါသည်။

အချိန်ကိုစီမံခြင်းနှင့်ကောင်းစွာအဆုံးသတ်ခြင်း

ဤအခန်း၏ခေါင်းစဉ် “ရှင်သန်ကျန်ရစ်သူများအား သူတို့ကိုယ်ပိုင်နည်းလမ်းဖြင့် သူတို့ကိုယ်ပိုင်အချိန်တွင် စကားပြောခွင့်ပေးပါ။” သည် အချိန်ကို တချိန်လုံးပုံသွင်းနေရန်လိုအပ်သည်ဟုမဆိုလိုပါ။ လူတွေအားနည်းသောအခါတွင် လမ်းညွှန်ချက်တချို့ရှိသော စကား၀ိုင်းမှအကျိုးခံစားရသည်။ အထက်တွင်ဖော်ပြခဲ့သလို၊ သူတို့၏ခွန်အားအဆင့်များကိုသတိထားကြည့်နေဖို့လိုအပ်ပါသည်။ (အကယ်၍သင်သည်ထိုဒေသတွင်အချိန်အတော် ကြာနေမည်ဆိုလျှင် နောက်ပိုင်းတွင်ပြန်လာပြီးစကားစမြည်ပြောရန်အမြဲကမ်းလှမ်းနိုင်သည်။)

ဆရာဝန်တချို့က သုံးပုံသုံးပုံ၏စည်းမျဉ်းအကြောင်းပြောကြသည်။ ပထမသုံးပုံတပုံတွင် တွေ့ဆုံမေးမြန်းခံသူသင့်တင့်စွာလုံခြုံမှုခံစားရသောအချိန် နှင့်အတွေ့အကြုံများအပေါ်အာရုံစိုက်သင့်သည်။ အလယ်အပိုင်းသည် အခက်ဆုံးသောအကြောင်းအရာဖြစ်သောစိတ်ထိခိုက်စရာအခြေအနေများ ပင်ဖြစ်သည်။ နောက်ဆုံးအပိုင်းကတော့ ရှင်သန်ကျန်ရစ်သူကို လက်ရှိအခြေအနေသို့ပြန်လည်ရောက်ရှိလာရန်ကူညီပေးခြင်းဖြစ်သည်။ သင်သည် တစုံတယောက်အား တွေ့ဆုံမေးမြန်းခြင်းအဆုံးပိုင်းတွင် သူတို့ထံတွင်ဖြစ်ပျက်ခဲ့သောအဆိုးဆုံးသောအရာများထဲ၌ဆက်ပြီးအပြည့်အ၀နစ်မြုပ်နေ စေဖို့မချန်ထားခဲ့သင့်ပါ။

အပြုသဘောဆောင်သောမှတ်ချက်ဖြင့်အဆုံးသတ်ရန်ကြိုးစားပါ။ သို့သော် အတင်းအကျပ်မလုပ်ရန်နှင့်အရာ၀တ္ထုများကသူတို့ထက်သာကြောင်း ဟန်မဆောင်ပါနှင့်။ ဤအရာကိုကိုင်တွယ်ဖြေရှင်းရာတွင်အထောက်အကူပြုသည့်မည်သည့်အရာများကိုတွေ့ကြောင်းနှင့် အခြားသူများကိုမည်သို့ အကြံပေးမည်အကြောင်းကိုမေးပါ။ ခိုင်မာသောအဆုံးသတ်ချက်ကိုရှာတွေ့ရန်အမြဲတမ်းမလွယ်ကူပါ။ အဖြစ်နိုင်ဆုံးကတော့၊ ကျန်တဲ့အချိန်တွေမှာ ဘာတွေကိုလုပ်လိမ့်မည်နည်းဟုအမြဲတမ်းမေးနိုင်သည်။ လူများကိုကျေးဇူးတင်ပြီး အနာဂါတ်ဆက်သွယ်ခြင်းအတွက် (သို့) အချက်အလက်များ ပေးပို့ရန်ထားတဲ့ကတိများကိုတည်စေဖို့သတိရပါ။

အောက်ခြေမှတ်စုများ