#7.
ဇာတ်လမ်း ပြောပြခြင်

သတိရပါ – လိင် အကြမ်းဖက်မှုသည် ဇာတ်လမ်း အတွက် တခုတည်းသော ရှုထောင့်မဟုတ်ပါ။

အဖြစ်အပျက်များ၏ ရက်စက်ကြမ်းကြုတ်မှု အပေါ်သာ အာရုံံံံစိုက်််််််နေခြင်းက သင်၏ သတင်းဇစ်မြစ်နှင့် သတင်းလုပ်ငန်းကို ထိခိုက်စေနိုင်သည်။ ပို၍ ပြည့်စုံသော အချက်များကိုပဲ ဦးစားပေးပါ။

စစ်ပွဲတွင်အစုလိုက်အပြုံလိုက်မုဒိမ်းကျင့်ခြင်း (သို့) လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းကဲ့သို့သော ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာများနှင့်ရင်ဆိုင်ကြုံတွေ့ရပါက လိင်အကြမ်းဖက်မှုနှင့် ၎င်းဖြစ်စေမည့်ထိခိုက်နစ်နာစေမည့်အရာများကို အာရုံစိုက်ခြင်းသည်သဘာ၀ကျသည်ဟုခံစားရပေမည်။ သို့သော် ပိုမိုကျယ်ပြန့်သော အကြောင်းအရာများကိုဆောင်ကြဉ်းရန်ပျက်ကွက်ခြင်းသည် သင်၏သတင်းရယူရေးသားမှုကိုနှောင့်နှေးစေသည်၊ ပရိတ်သတ်များကိုတွန်းထုတ်ကာ ရှင်သန်ကျန်ရစ်သူ များကိုဖယ်ကျဉ်သွားစေနိုင်သည်။ သတင်းများကို အောက်ပါနည်းလမ်းများအတိုင်း ချဲ့ထွင်ရန် လုပ်ဆောင်ပါ။

  • ရှင်သန်ကျန်ရစ်သူများ၏ ဘ၀မှတ်တမ်းကို ပြောပြပါ။ အပျက်အစီးများကိုကြိုတင်ခန့်မှန်တာမျိုး (သို့) လူတွေကိုသူတို့ထံဖြစ်ပျက်ခဲ့တဲ့ အဆိုးဆုံးအခြေအနေတွေထဲ လျှော့ချခြင်းမျိုးမလုပ်မိရန်သတိပြုပါ။ သူတို့ပြန်လည် ကောင်းမွန်လာခြင်းကိုရှုပ်ထွေးစေနိုင်ပါသည်။
  • မုဒိမ်းမှုသာမကအခြားရာဇဝတ်မှုတွေ ရှိနိုင်တယ်ဆိုတာသုံးသပ်ကြည့်ပါ။ ရှင်သန်ကျန်ရစ်သူများအနေဖြင့် သူတို့၏ချစ်ခင်ရသူများနှင့် သူတို့၏အိမ်များကိုဆုံးရှုံးနိုင်ပြီး မတတ်နိုင်သည့်အဆုံး အိမ်ပစ်ယာပစ်ပြေးရနိုင်သည်။ ဤအရာများသည် အခြားလူများ အတွက်လည်း အရေးပါသည်။
  • ရှင်သန်ကျန်ရစ်သူများအတွက် လူထု၏စာနာထောက်ထားမှုကို ကန့်သတ်နိုင်ခြေရှိသည့် ဇာတ်လမ်းကိုလိင်ပိုင်းဆန်ဆန် (သို့) ခံစားချက် ပိုင်းဆန်ဆန်ဖြစ်စေနိုင်သောအသေးစိတ်အချက်အလက်များအပေါ်အလွန်အကျွံအာရုံစိုက်ခြင်းကိုရှောင်ရှားပါ။
  • တရားမျှတမှုကို နိုင်ငံရေးနှင့်လူမှုရေး အခြေအနေပေးမှုအတွင်း အမြင့်မားဆုံး လုပ်ဆောင်ခြင်းအားဖြင့် ဖြစ်နိုင်ခြေရှိသော ဖြေရှင်းနည်းများကို သင်၏ ပရိဿတ်များ မြင်အောင် ကူညီပေးပါ။

ကျွန်ုပ်တို့၏အလုပ်သည် ရှင်သန်ကျန်ရစ်သူများ၏ဘ၀ကိုမည်သည့်အတိုင်းအတာအထိ ပြန်လည်တုံ့ပြန်နိုင်ကြောင်းကိုမကြာခဏလျစ်လျူရှုထားခြင်းက သူတို့ မည်ကဲ့သို့ပြန်လည်ကောင်းမွန်လာသည် ဆိုသည့်အရာအပေါ်ကိုပင် သက်ရောက်မှုရှိနိုင်ပါသည်။

CRSV သည်စိတ်ပိုင်းဆိုင်ရာမြင့်မားသောအဆင့်များသာမက ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုနှင့်လည်း ဆက်စပ်နေပါသည်။ လိင်ပိုင်းဆိုင်ရာစိတ်ဒဏ်ရာ၏ နောက်ဆက်တွဲဆိုးကျိုးများသည် ဤအရာများမဖြစ်ပျက်ခင်က သူတို့ကိုယ်တိုင်နှင့် (သို့) သူတပါးနှင့်သီးခြားဖြစ်နေသည်ဟုခံစားရသော အဆက် အသွယ်ပျက်သွားသည့်ပြင်းထန်သောခံစားချက်များကိုယူဆောင်လာခြင်းဖြစ်သည်။ CRSV ၏ ပိုမိုကျယ်ပြန့်သော အသိုင်းအ၀ိုင်းနှင့်အဆက်အသွယ် ဖြတ်နိုင်စွမ်းသည် ရှင်သန်ကျန်ရစ်သူများကိုသီးခြားခွဲထွက်သွားစေနိုင်ပြီး ထောက်ပံ့မှုအတွက်အခွင့်အလမ်းများလျော့နည်းသွားစေနိုင်ပါသည်။

သို့သော်ငြားလည်း၊ ပြန်လည်ကောင်းမွန်လာခြင်းသည် အများသောအားဖြင့် ဤဖြစ်ရပ်နှင့် ပြောင်းပြန်ဖြစ်ဟန်တူသည်။ အခြားသူများက မိမိတို့ကိုတဖန် ပြန်လည်ကြည့်ရှုစောင့်ရှောက်နိုင်ပြီး ဂရုတစိုက်ဖက်တွယ်ထားနိုင်သည်ဟု ယုံကြည်လာသောအခါ လူ့အသိုင်းအဝိုင်းတွင် ပြန်လည် ဝင်ဆန့်ခြင်း ဖြစ်လာသည်။

တဦးချင်းစီကိုကုသပေးရန်မှာ မီဒီယာသမားများ၏ အခန်းကဏ္ဍမဟုတ်ပါ – နောက်ပြီးကျွန်ုပ်တို့၏လုပ်ဆောင်ခြင်းသည် ရှင်သန်ကျန်ရစ်သူများကို တိုက်ရိုက်ပုဂ္ဂိုလ်ရေးနည်းလမ်းဖြင့် ကူညီပေးနိုင်စွမ်းရှိလိမ့်မည်ဟုယူဆခြင်းသည် ပညာမဲ့ခြင်းနှင့်မောက်မာခြင်းနှစ်ခုစလုံးဖြစ် လိမ့်မည် – သို့သော်ကျွန်ုပ်တို့သည် ထိုသို့ အထီးကျန်ဆန်နေခြင်းကို တမင်သက်သက်မဟုတ်ပဲ ပိုမိုဆိုးရွားသွားအောင် မလုပ်မိစေရန် ဂရုစိုက်ရမည်။ အရှေ့အာဖရိက တွင်အလုပ်လုပ်သော အမေရိကန် သတင်းထောက် Jina Moore ကဤကဲ့သို့ပြောပါသည် –

ရက်ပိုင်းအတွင်း၊ လပိုင်းအတွင်း၊ တနှစ်အတွင်းတွင် သူတို့အားအံ့အားသင့်စေမည့်၊ ကသိကအောက်ဖြစ်စေမည့်၊ အရှက်ရစေမည့်၊ အန္တရာယ် ဖြစ်စေမည့်အရာများကို ကျွန်ုပ်တို့ထုတ်လွှင့်မည့် သတင်းများထဲတွင်မပါရှိကြောင်းသေချာစေပါ။ သူတို့နဲ့ပတ်သတ်ပြီးကမ္ဘာကြီးက ဘာတွေသိလာမယ် ဆိုတာကို သူတို့သေချာစေဖို့ ရှင်သန်ကျန်ရစ်သူနှင့်အတူ စိတ်ဒဏ်ရာဖြစ်စေသော ဖြစ်ရပ်ရဲ့ အသေးစိတ် အချက်အလက်တွေကို သေချာစွာ ထပ်လောင်း ပြောပြပါ။ [a]

ပရိတ်သတ်များထံသို့ပေးပို့သော သတင်းစကားများသည်လည်း ဤနေရာတွင်အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ လိင်ပိုင်းဆိုင်ရာစိတ် ဒဏ်ရာအကြောင်းဆွေးနွေးမှုတိုင်းတွင် ဒဏ္ဍာရီပုံပြင်များ၊ ကဲ့ရဲ့ရှုတ်ချမှုနှင့် အသုံးမဝင်သောပုံစံခွက်များအဖြစ် အသွင်ပြောင်းလဲလိုကြသည်။ သတင်းထောက်များနှင့်ရုပ်ရှင်ရိုက်ကူးသူများသည် ဤကိစ္စတွင် ကြားနေရပ်ကြည့်သူများမဟုတ်သောကြောင့် ဤအရာများကို ခိုင်မာစွာစွဲယူထား ခြင်း (သို့) မဟုတ်မှန်ကြောင်းဖွင့်ချခြင်း တခုခုလုပ်နိုင်သည်။

ထို့ကြောင့် ပဋိပက္ခ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခြေအနေ တစ်စုံလုံးကို ပြည့်ဝစွာ ဖော်ပြကိုင်တွယ်ရန် အလွန် အရေးကြီးပါသည်။

ဇာတ်လမ်း၏ထောင့်တနေရာတွင်လမ်းပျောက်နေခြင်း၏အန္တရာယ်

CRSV သည်ပုံစံအမျိုးမျိုးနှင့်လာသော်လည်း ၎င်း၏ဖမ်းစားနိုင်စွမ်းအရှိဆုံးသောအသွင်အပြင်မှာ ထုံးစံအတိုင်း ၎င်း၏ရက်စက်ကြမ်းကြုတ်မှုဖြစ်သည်။ ဤ ခေါင်းစဉ်အပေါ်တွင်လုပ်ဆောင်နေသော ရုပ်ရှင်ရိုက်ကူးသူ (သို့) သတင်းထောက်တယောက်သည် ပရိတ်သတ်များ အာရုံစိုက်လာစေမည်ဟုမျှော်လင့်ပြီး သူတို့ ကြားခဲ့ရသော အကြောင်းအရာများထဲမှ  အဆိုးဆုံးများဖြင့် သူတို့ကိုထိတ်လန့်တုန်လှုပ်စေချင်သည့် ပြင်းထန်သည့် ဆန္ဒမျိုးရှိမည်ကို အပြည့်အ၀နားလည်နိုင်ပါသည်။

သို့သော် ဤနေရာတွင်ရှိသည့်အန္တရာယ်ကတော့ ဤအရာသည်ပြောင်းပြန်ဖြစ်သွားနိုင်ခြင်းဖြစ်သည်။ လိင်အကြမ်းဖက်မှု၏ကြောက်မက်ဖွယ်ရာနှင့် အသေး စိတ်အချက်အလက်များကို အလွန်အာရုံစိုက်ခြင်းသည် ပရိတ်သတ်များက CRSV ကြောင့်ခံစားနေရသောသူများအပေါ် စာနာထောက်ထားစိတ်ကိုပင်လျော့ နည်းသွားစေနိုင်သည်။ အကယ်၍သင်သည် အကြောင်းရင်းဖြစ်သော အချက်အလက် များကိုလုံလောက်စွာမပေးပါက ပရိတ်သတ်များသည် ဤရာဇဝတ်မှုများ၏သဘောသဘာ၀နှင့်အန္တရာယ်ရှိသည့်အရာများကို နားမလည်ကြပါ။

အီဂျစ်တွင် ဇွဲရှိစွာဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် အစိုးရ၏ရှုပ်ထွေးသောအခန်းကဏ္ဍကိုစူးစမ်းရှာဖွေခဲ့သောဒုစရိုက်အတွက် အသံလွင့်အစီအစဉ် တခုတွင်အလုပ်လုပ်နေသော Stephanie Kariuki အတွက် ဤဆုံးဖြတ်ချက်များသည် ဂရုစိုက်မျှတမှုလိုအပ်သည်။

ဤနေရာကိုမည်မျှရောက်ချင်သလဲဆိုသည့်အသေးစိတ်ကိုပြောရာတွင် စကားအသွားအပြန်များစွာရှိခဲ့သည်။ အသေးစိတ်အချက်များကိုပေးရန် အမှန်တကယ်လိုအပ်သလား။ အမျိုးသမီးတဦး၏အမှုတွင်၊ ဆေးဘက်ဆိုင်ရာစစ်ဆေးသူများက သူမအား နေရာအတော်များများတွင်ထားခဲ့ပြီး အဝတ်အစားမဲ့လျက် သူမ၏ မိန်းမကိုယ်အားထပ်ခါတလဲလဲစစ်ဆေးခဲ့ခြင်းဖြင့် သူမအားမူလမတော်မတရားပြုမူခြင်းကို ရောင် ပြန်ဟပ်စေခဲ့သည်။ ကျွန်ုပ်တို့အသုံးပြုခဲ့သောနောက်ဆုံးအသံကတော့ အသေးစိတ် ဆန်လွန်းပါသည်။ သို့သော်လည်း ဆယ်စုနှစ်ပေါင်းများစွာ အစိုးရက ဤကဲ့သို့ တွေ့ကြုံခံစားခဲ့ရသည့် အမျိုးသမီးများကို မည်သို့ လုပ်ဆောင်ကိုင်တွယ်နေသည်ကို ဖော်ပြလိုခြင်းကြောင့် ထည့်သွင်းရခြင်း ဖြစ်ပါသည်။  [b]

အမှန်ဆိုရလျှင် စိတ်ဒဏ်ရာနှင့်ပတ်သတ်၍ ထိရောက်စွာရေးသားရာတွင် တင်းမာမှုရှိစေသည့်ပြဿနာများကိုမည်သို့ဟန်ချက်ညီစေရမည်ကို တန်ဖိုးထားရန် လိုသည်။ ဥပမာ၊ –

  • CRSV သည် မည်မျှသော နာကျင်ခြင်း၊ ခိုကိုးရာမဲ့ခြင်းနှင့် ထိန်းချုပ်မှုဆုံးရှုံးခြင်းများအား လူများ၏ အသက်တာတွင်းသို့ယူဆောင်လာခဲ့ ပါသနည်း။ လွတ်မြောက်လာရန် ခုခံမှုနှင့်ပြန်လည်ကောင်းမွန်လာခြင်းကို မည်မျှယူခဲ့ရပြီး မည်မျှထပ်မံယူရမည်နည်း။

အခြေအနေများမည်သို့ပင် ခက်ထန်ဆိုးရွားသလိုရှိစေကာမူ၊ ရှင်သန်ကျန်ရစ်သူများ၏အသက်တာထဲတွင် အပြုသဘောဆောင်သောအရာများဖြစ်နေပါသည်။ ကြောက်ရွံ့ဖွယ်ကောင်းပြီ လုပ်ဆောင်နိုင်စွမ်းမရှိခြင်းသက်သက်ကိုသာ ပြန်လည်သုံးသပ်ခြင်းသည်တိကျမှန်ကန်မှုမရှိ (သို့) အထောက်အကူမပြုပါ။

  • အထူးသဖြင့် နိုင်ငံရေးနှင့်လူမှုရေးအခြေအနေနှင့်ပတ်သတ်၍ တဦးချင်းကိုယ်ပိုင်အတွေ့အကြုံနှင့်ပို၍ကျယ်ဝန်းသောအကြောင်း အရင်းများမည်မျှရှိသနည်း။

အကယ်၍ပိုမိုကျယ်ပြန့်သောအကြောင်းအရင်းကိုအာရုံမစိုက်ပါက လူများစိတ်ဝင်စားသောဇာတ်လမ်းသည် ထူးဆန်းပြီးစိတ်အနှောင့်အယှက်ဖြစ်စေသော၊ ရည်ရွယ်ချက်မရှိသော ဇာတ်လမ်းဖြစ်သွားနိုင်ပြီး ပရိတ်သတ်များအားမည်သည့်အရာများဖြစ်ပျက်နေကြောင်း (သို့) ဖြေရှင်းချက်များတည်နေရာကိုအနည်း ငယ်သာနားလည်စေနိုင်မည်ဖြစ်သည်။ ပဋိပက္ခကိုလှုံဆော်ပေးသောအင်အားစုများကိုရည်ညွှန်းခြင်းမရှိပါက “စစ်ပွဲတွင်းမုဒိမ်းမှု” သည်နားလည်နိုင်သော ခေါင်းစဉ်မဟုတ်သကဲ့သို့ CRSV သည် လက်တွေ့နှင့်ကင်းကွာပြီးမဖြစ်လာပါ။

သို့ရာတွင် လူပုဂ္ဂိုလ်များနှင့် သူတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခြေအနေများကို ဂရုစိုက်မှု နည်းပါးလွန်းခြင်းသည်လည်း တစ်စုံတစ်ယောက်အား ကိန်းဂဏန်းတစ်ခုကို ဖော်ပြရန် သက်သက် ထည့်သွင်းထားသကဲ့သို့ ဖြစ်စေနိုင်သဖြင့် မလေးစားရာ ရောက်နိုင်ပါသည်။

အပြိုင်ရှိနေသော တင်းမာမှုများကိုစေ့စပ်ညှိနှိုင်းခြင်း

အမှုတခုစီတိုင်းသည်မျှတစွာတိုင်းတာမှုအမျိုးမျိုးလိုအပ်ပါသည်။ ၎င်းကို ရှင်းလင်းစွာကြည့်မြင်နေခြင်းသည် အကြမ်းဖက်မှု၏ဖမ်းစားနိုင်သောအကျိုး သက်ရောက်မှုနှင့်ရှုပ်ထွေးစေနိုင်ပြီး ကျန်ရှိသောအရာများနှင့်မသက်ဆိုင်ပုံရသောနေရာသို့ဆွဲခေါ်သွားနိုင်သည်။ ခြိမ်းခြောက်မှုသည် အမှားအမှန်ခွဲခြား စဉ်းစားခြင်းကို မြှင့်တင်ပေးလေ့ရှိသော စိတ်ဒဏ်ရာဆိုင်ရာအကြောင်းအရာဖြစ်သည် – အသေးစိတ်အချက်အလက်များ (သို့) ကန့်သတ်ထားသော ထောင့်များတွင်ကပ်ငြိသွားရန်လွယ်ကူလွန်းသည်။

ဤသည်မှာရေးသားသည့်အခါ (သို့) တည်းဖြတ်ခြင်းတွင် ထည့်သွင်းစဉ်းစားရမည့် စာရင်းတို တစ်ခုဖြစ်သည် –  

  • ၄င်းသည် ကာယပိုင်း (သို့) အတွင်းရေးကျသောသဘောသဘာ၀၏ကွက်ကွက်ကွင်းကွင်းဖော်ပြချက်အဖြစ် လမ်းလွဲသွားပါသလား။
  • လိင်ပိုင်းဆန်ဆန်ဖော်ပြချက်သည် အန္တရာယ်ရှိစေပြီး မတရားကျင့်မှုကို မရည်ရွယ်ဘဲအလိုအလျောက် အားပေးလှုံဆော်မှုပေးသော တယောက်ယောက်၏ကိုယ်ခန္ဓာ၊ အသွင်အပြင်၊ ဝတ်စားဆင်ယင်မှုစသည့်အရာများအတွက်ရည်ညွှန်းချက်ရှိပါသလား။
  • ကျွန်ုပ်၏ပုံပြင်သည် လူတဦး (သို့) အသိုင်းအ၀ိုင်းတခု၏အနာဂတ်ပျက်စီးမှုကိုကြိုတင်ခန့်မှန်းပါသလား။ အခြေအနေများမည်သို့ပင် ဆိုးရွားနေပါစေ၊ ပြန်လည်ကောင်းမွန်လာရန်မဖြစ်နိုင်ဟုသွယ်ဝိုက်ပြောနေခြင်းသည်တိကျမှန်ကန်မှုမရှိဘဲ ထိခိုက်နစ်နာစေနိုင်ပါသည်။ (သင်သည် အမှောင်ထုနောက်ကွယ်မှအရာမျာကိုမြင်ရန်ခက်ခဲနေပါက ဤမတရားပြုမှုနောက်ကွယ်မှလူသည်မည်သူနည်းဟုသင့်ကိုယ် သင်မေးပါ။ သူတို့သည်မည်သည့်နေရာမှသတ္တိနှင့်ထောက်ပံ့မှုရရှိပါသနည်း။)
  • တနည်းအားဖြင့်၊ ကျွန်ုပ်သည်ဆန့်ကျင်ဘက်လမ်းကြောင်းတွင်အလွန်ဝေးကွာစွာလမ်းလွဲပြီး ဆိုးရွားသောအခြေအနေကိုဟန်ဆောင် ပေါ့ပါးစေရန် အကောင်းမြင်ဝါဒအတု၏လေသံကိုထိုးသွင်းနေသလား။ တိကျမှန်ကန်မှုနှင့်သိသာထင်ရှားသောပြဿနာအပြင်၊ လုပ် ဆောင်ခွင့်များကိုချဲ့ကားပြောဆိုသော သတင်းပညာရပ်သည် ဖော်ပြချက်ထဲမှမိမိအခြေအနေကိုမမှတ်မိသောသူများကိုကင်းကွာစေ နိုင်ပါသည်။
  • အကယ်၍ကျွန်ုပ်၏တင်ဆက်မှုတွင်ပြစ်မှုကျူးလွန်သူများနှင့်ရှင်သန်ကျန်ရစ်သူများနှစ်ဦးစလုံး၏အသံများပါဝင်ပါက၊ ကျွန်ုပ်၏ ဇာတ် လမ်းပြုပြင်ခြင်း၌ မတရားပြုကျင့် သူ၏ရှုထောင့်များကိုဗဟိုပြုသော (သို့) သူတို့၏လုပ်ဆောင်နိုင်စွမ်းကိုဖောင်းပွစေသောအရာတစုံ တခုရှိပါသလား။ (ဤအရာကိုမှန်ကန်စွာလုပ်ဆောင်ခြင်းသည်ရှုပ်ထွေးသောအရာဖြစ်သည်။ ဤအသံများကိုကွဲပြားသောအစီအရင်ခံ ချက်တွင်ခွဲခြားထည့်လိုက်ခြင်းသည် ပို၍ရိုးရှင်းသွားနိုင်သည်။)
  • ကျွန်ုပ်မှတ်တမ်းသည်ပဋိပက္ခအတွင်း၌ လူများခံစားနေရသောအခြားသောစိတ်ဒဏ်ရာများကိုထုတ်ပယ်ရန်အတွက် မုဒိမ်းမှုအပေါ် အာရုံစိုက်ပါသလား။ လူများသည်မိမိတို့၏ဆွေမျိုးများအသတ်ခံရပြီး မိမိတို့၏အိမ်များနှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆုံးရှုံး သွားသည်ကိုတွေ့မြင်ရခဲ့ပေမည်။ သူတို့သည်ဘ၀သစ်များကိုကြိုးစားတည်ဆောက်နေသောဒုက္ခသည်များဖြစ်ပေမည်။ ဤအရာများ အားလုံးသည်လူများအတွက်အရေးပါပြီး၊ ရှင်သန်ကျန်ရစ်သူများသည် သတင်းထောက်များကသူတို့ဆုံးရှုံးမှုများကိုရှုထောင့်တခုတည်း ကသာအာရုံစိုက်နေခြင်းကိုနားမလည်နိုင်ပါ။

ဇာတ်လမ်းကိုဘည်ဆောက်ခြင်း – အယ်ဒီတာများအတွက်မှတ်ချက်

ခေါင်းစဉ်၊ ဓါတ်ပုံခေါင်းစဉ်၊ ရုပ်ရှင်ကိုကြော်ငြာသောရုပ်သေပုံ၊ အကျဉ်းချုပ်၊ လူမှုကွန်ယက်တွင်တင်ဆက်ပုံစသည့် ဇာတ်လမ်းကိုထုပ်ပိုးသည့်နည်း များသည် ဇာတ်လမ်းကိုကြည့်မြင်ခြင်းအပေါ်ကြီးမားသောအကျိုးသက်ရောက်မှုရှိပြီး ၎င်းတွင်ပါဝင်သောသူများအပေါ်တွင်လည်းအကျိုးသက် ရောက်မှုရှိသည်။

ရှင်းလင်းသောအန္တရာယ်တခုမှာဇာတ်လမ်းအားလိင်ပိုင်းဆိုင်ရာဖြစ်စေခြင်းဖြစ်သည် – ၎င်းသည်အမှန်တကယ်အကြောင်းအရာအားနာမည်ဖျက် သည့်နည်းလမ်းဖြင့် စိတ်လှုပ်ရှားစရာဖြစ်စေသည်။ လိင်အကြမ်းဖက်မှုတွင်လိင်ဆက်ဆံခြင်းဖြစ်နိုင်သော်လည်း ဤဇာတ်လမ်းများသည် သာမန် လိင်ဆက်ဆံခြင်းနှင့်မသက်ဆိုင်ပေ။

“လိင်ကျေးကျွန်များ” ကဲ့သို့သောအသုံးအနှုန်းများသည် စိတ္တဇဆန်ပြီး မတော်မတရားမှုကိုဖျော်ဖြေမှုအဖြစ်သို့ပြောင်းလဲလိုက်ရန်အန္တရာယ်ပေးနိုင် သည် – “ကလေးသတို့သမီး” ကဲ့သို့အသုံးအနှုန်းကို “အသက်မပြည့်လူငယ်အားအဓမ္မခေါ်ဆောင်၍လိင်ပိုင်းမတော်မတရားပြုခြင်း” ဟုပုံဖေါ်လျှင် ပိုကောင်းသည် – ပြည့်တန်ဆာလုပ်ရန်အတင်းအကျပ်ခိုင်းစေခံရသောသူသည် “ချစ်သူ” မဟုတ်ပါ။

လက်တင်အမေရိကရှိ CRSV အကြောင်းကျယ်ကျယ်ပြန့်ပြန့်ရေးသားခဲ့သူ Jineth Bedoya က လက်နက်ကိုင်များကျူးလွန်ခဲ့သောလိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ပုံစံများကို မသင့်လျော်၊ ခေတ်နောက်ကျသောဘာသာစကားနောက်ကွယ်တွင်ဖုံးကွယ်ထားပုံကိုဖော်ပြထားသည် –

သတင်းထောက်များသည် မုဒိမ်းမှု (သို့) အမျိုးသမီးများအားသတ်ဖြတ်ခြင်းကို ရည်ညွှန်းသောအခါ ချစ်စိတ်ပျင်းပြသော ရာဇဝတ်မှု အကြောင်းပြောဆိုခြင်းမျိုးတင်ပြခြင်းကို ရပ်တန့်ရန်အသည်းအသန်စည်းရုံးလှုံ့ဆော်ခဲ့ကြသည်။

အမျိုးသမီးတဦးသည် မိမိ၏သားကောင်ကိုတမင်တကာရည်ရွယ်ထားသည့်လိင်ဆိုင်ရာနှိုးဆော်မှုနှင့်ဆက်နွယ်နေသည်ဟု လူ့အဖွဲ့ အစည်းကယူဆနေဆဲဖြစ်သည်။ ချစ်စိတ်ပျင်းပြခြင်းကြောင့်ဟု ယူဆကြသည်။

ဒါပေမယ့်တကယ်တော့ဤနေရာမှနှိုးဆော်မှုသည်ဤသတင်းပညာရပ်မျိုးတွင်ပါဝင်သောအတွေးအခေါ် ဖြစ်ပြီး ချစ်စိတ် ကိုအမည်ခံ ၍ ဤရာဇဝတ်မှုများကိုကျူးလွန်ကြသည်။

တရားခွင်တော်တော်များများတွင်မုဒိမ်းမှုကျူးလွန်သောအမျိုးသားများသည်ဤအချေအတင်ပြောဆိုချက်နှင့်မိမိကိုယ်ကိုအကြောင်း ပြသည်ကို ကြားခဲ့ရသည်။ သူတို့ကလိင်ပိုင်းဆိုင်ရာတိုက်ခိုက်ခြင်း (သို့) သတ်ဖြတ်ခြင်းကိုလုပ်ခဲ့တာ ချစ်လို့ဟုပြောပါသည်။

မုဒိမ်းမှုအားရှောင်လွှဲ၍မရသောစစ်၏အကျိုးဆက်တခုအဖြစ် အမှုဆင်ခြင်းသည် ခေတ်မမီတော့သည့် ဒဏ္ဍာရီပုံပြင်တပုဒ်ဖြစ်ကြောင်း သတိထားပါ။ အပြစ်ပေးခံရ နိုင်သောစစ်ရာဇဝတ်မှုဖြစ်ခြင်းအပြင် ပုံမှန်မဟုတ်သောစစ်သားများပါဝင်ပတ်သတ်နေသည့်နေရာများ၌ပင် ပဋိပက္ခအားလုံးတွင်မပျံ့နှံ့ ကြောင်းသုတေသနပြုချက်များကဖော်ပြသည်။ [c]

သင့်ကိုယ်ပိုင် အတွင်းပိုင်းလမ်းညွှန်များသည် ဤကိစ္စများကိုသုံးသပ်ရန်ပြန်လည်မွမ်းမံရန်လိုမလိုစဉ်းစားကြည့်ပါ။ သင်တတ်နိုင်သည့်နေရာတိုင်း တွင် မည်သည့်လိင်အကြမ်းဖက်မှုမှ ရှင်သန်ကျန်ရစ်သူမဆို ဖတ်ရှုခြင်း (သို့) ထိုတင်ဆက်မှုကိုကြည့်ရှုခြင်းအတွက် အထောက်အကူပြုနိုင်သည့် အရင်းအမြစ်များနှင့်အချက်အလက်များကို ထည့်သွင်းပေးပါ။

နောက်ထပ်အရင်းအမြစ်များ

The Pornography Trap တွင်, Jina Moore သည်မှန်ကန်သောဘာသာစကားကိုရယူခြင်း၏စိန်ခေါ်ချက်များအကြောင်းဆွေးနွေးထားပါ သည်။ Chicago Taskforce on Violence Against Girls & Young Women မှဤတန်ဆာပလာများသည်    လိင်အကြမ်းမှုအားယေဘု ယအားဖြင့် အစီရင်ခံခြင်းအကြောင်းကို ဆွေးနွေးထားပြီး ဘာသာစကားရွေးချယ်ခြင်းအကြောင်းသုံးသပ်ထားသောအပိုင်းပါဝင်သည်။

National Sexual Violence Resource Center မှ ဤလမ်းညွှန်စာဆောင်သည် အမေရိကန်ပြည်ထောင်စုရှိ လိင်အကြမ်းဖက်မှုပုံစံ အားလုံးအကြောင်းပြောထားပြီး CRSV ကိုရည်ရွယ်ပြောထားခြင်းမဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ၊ စာရင်းဇယားဆိုင်ရာအကြောင်းအရာ ဦးစားပေးချဉ်းကပ်ခြင်း၏အစွမ်းကိုသရုပ်ဖော်ထားသည်။

Dart Centre ၏ website တွင်, Nina Berman သည် အကြောင်းအရာများ၏အရေးကြီးပုံနှင့် သင့်တော်သောရုပ်ပုံရွေးချယ်ခြင်းအကြောင်း ကို သုံးသပ်ထားပါသည်။ ဤအရာအားလုံးကိုနောက်တခန်းတွင်အသေးစိတ်ဖော်ပြထားပါသည်။

အောက်ခြေမှတ်စုများ

  • a

    Jina Moore ၏ ဆောင်းပါး။ The Pornography Trap.

  • b

    Kariuki သည် ဤကိစ္စအတွက် မိမိတို့၏ သုတေသနတွင် ပါဝင်ခဲ့သည်။

  • c

    Carlo Koos (၂၀၁၇) လက်နက်ကိုင် ပဋိပက္ခများအတွင်း လိင်ဆိုင်ရာ အကြမ်းဖက်မှု၊ သုတေသန တိုးတက်မှုများနှင့် ကျန်ရှိနေသေးသော ကွက်လပ်များ (research progress and remaining gaps) Third World Quarterly။ ဤနေရာတွင်  ရနိုင်သည်။